Saturday, January 18, 2014

ရွှေအလင်းတန်း မြန်မာအသင်း လုပ်ဆောင်ချက်များကို ၂၀၁၄-၂၀၁၅ နှစ်အတွင်း အင်တိုက်အားတိုက်ဖြင့် လုပ်ဆောင်မည်

ကိုရီးယားနိုင်ငံ  ဂမ်ဟဲမြို့ရှိ ရွှေအလင်းတန်းမြန်မာအသင်းသည် ယခု အချိန်တွင် အဖွဲ့ဝင် (၅၉၁) ယောက်ဖြင့် အဖွဲ့၏ လုပ်ဆောင်ချက်များကို ၂၀၁၄-၂၀၁၅ နှစ်အတွင်း အင်တိုက်အားတိုက်ဖြင့် လုပ်ဆောင်မည် ဖြစ်ပါသည်။

အဖွဲ့၏ လုပ်ဆောင်ချက်များတွင် ဘာသာရေး ၊ ပညာရေး ၊ စီးပွားရေး ၊ လူမူရေး ၊ နိုင်ငံရေး ၊ အလုပ်သမားရေး ကိစ္စများကို တက်တက်ကြွကြွဖြင့် လုပ်ဆောင်ကြပါမည်။


လက်ရှိအလုပ်များတွင် အဆင်မပြေသဖြင့် အလုပ်ထွက်လာကြသော ရွှေမြန်မာများအတွက် စာကြည့်တိုက်တွင် တည်းခိုဖို့ရန်အတွက်ပါ အဆင်ပြေအောင် စီစဉ်ပေးပါမည်။

ငှားရမ်းမည့် နေရာအတွက်လည်း ရွှေမြန်မာ ညီအစ်ကိုများ အတွက် အားလုံး အဆင်ပြေမှာသာ ငှားရမ်းမည် ဖြစ်ပါသည်။ အသင်းနေရာသစ်သို့ ပြောင်းရွေ့ရေးအတွက် ရှာဖွေ စုံစမ်းနေပါသည်။

ကိုရီးယားတွင် နှစ်ပြည့်ပြီး မြန်မာပြည် ပြန်မည့်သူများအတွက် ပြန်တော် ပြန်ရောက်သည့်အခါ စီးပွားရေး အမြင်များသင်ကြားပေးမည့် "ပြည်တော်ပြန် အထောက်အကူပြု သင်တန်း"ကိုလည်း ကိုရီးယားလုပ်ငန်းများနှင့် ပူးပေါင်းကာ သင်တန်းဖွင့်လှစ်ပေးမည် ဖြစ်ပါသည်။

ဘူဆန် နိုင်ငံခြားသားအကူအညီပေးရေး ရုံးမှ လည်း ၂၀၁၄-ခုနှစ် အတွက် အလုပ်သမားဥပဒေ နှင့် ရပိုင်ခွင့်များကိုလည်း ရွှေမြန်မာများကို ဟောပြောပို့ချပေးမည် ဖြစ်ပါသည်။

မကြာမှီ ရောက်ရှိလာတော့မည့်  မြန်မာနိုင်ငံအတွက် အရေးကြီးသည့် ၂၀၁၅ ရွေးကောက်ပွဲအတွက် သိကောင်းစရာများများ နှင့် ခေါင်းဆောင်ကောင်း ရွေးချယ်နိုင်ကြစေရန် အတွက် နိုင်ငံရေး ဟောပြောပွဲများကိုလည်း ကျင်းပပေးပါမည်။

ရွှေအလင်းတန်း မြန်မာအသင်း နေရာသစ်သို့ ပြောင်းရွေ့နိုင်ရေးအတွက် ဘူဆန် ၊ ဂမ်ဟဲ အနီးအနားရှိ ရွှေမြန်မာများ အလှူငွေများကို မိမိတို့ တတ်အားသရွေ့ ထည့်ဝင်လှူဒါန်းကြပါအုံး ခင်ဗျား..
------------
ဘူဆန်ဘဏ်
황금빛살 (ရွှေအလင်းတန်း မြန်မာအသင်း)
101-2015-2350-05 (부산은행)
--
ကိုမင်းလတ်  - 010-7459-3070
ကိုတိုးသူရ    - 010-8916-7619
ကိုဇော်မင်း   - 010-5946-6694

email - goldenlight009@gmail.com
https://www.facebook.com/groups/goldenlight009/

           

No comments: