Sunday, August 26, 2012

2012 Happy World Together အားကစားပွဲတော် ဖိတ်ကြားလွှာ

ကိုရီးယားနိုင်ငံ ဗုဒ္ဓဘာသာဂျိုဂဲ ဗုဒ္ဓဘာသာအသင်း ၊ မဟာ အီဂျုမင်ဆင်တာနှင့် အပြည်ပြည်ဆိုင်ရာ ဓမ္မကထိကများအသင်းတို့က ကြီးမှူးလျက် ၊ 2012 Happy World Together ခေါင်းစဉ်ဖြင့် လာမည့် (၂-၉-၂၀၁၂) ရက် တနင်္ဂနွေနေ့တွင် (ဆိုးလ်မြို့ ဂျမ်ရှီးလ် အိုလံပစ်အားကစားကွင်း) အတွင်း၌ (၁၀) နိုင်ငံ အားကစားစုံညီပွဲတော် ကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပမည် ဖြစ်ပါသဖြင့် ၊ စိတ်ပါဝင်စားသူများ စာရင်းပေးသွင်းနိုင်ပါကြောင်း လေးစားစွာ ဖိတ်ကြားအပ်ပါသည်-
ရက်စွဲ~~~~~
- ၂၀၁၂ခုနှစ် စက်တင်္ဘာလ ၂ ရက် (တနင်္ဂနွေနေ့)
အချိန်~~~~
- နံနက် ၁၀ နာရီမှ ညနေ ၅ နာရီထိ
နေရာ~~~~
- 잠실 종합운동장 보조경기장 Subway lines 2, Sports Complex, Exit #6
ကြိုပို့ယာဉ်~~~~
- ဘူချောန်းဘူတာ မှ တစ်စီး ၊ ဘူဖြောင်းဘူတာမှ တစ်စီး ။
- နံနက် ၈ နာရီ ၃၀ မိနစ်ထွက်ပါမည်


ပြိုင်ပွဲများ~~~~
ဘောလုံးပွဲ ၊ လွန်ဆွဲပွဲ ၊ မီတာ ၄၀၀ လက်ဆင့်ကမ်းပြေး ၊ ဘောလီဘော ၊ သီချင်းဆို ၊ ရိုးရာအက
ဖျော်ဖြေရေးအစီအစဉ်~~~~
- ကိုရီးယား နာမည်ကြီး ရော့ခ် အဆိုကျော်များက အထူးဧည့်သည်တော်များအဖြစ် မိနစ် ၃၀ ဖျော်ဖြေပါမည်
ပါဝင်မည်နိုင်ငံ ~~~~
၁၀ နိုင်ငံ (မြန်မာ၊ ကိုရီးယား ၊ တရုတ် ၊ ထိုင်း ၊နီပေါ ၊ သီရိလင်္ကာ ၊ ထိုင်း ၊ ကမ္ဗောဒီးယား၊ မွန်ဂို ၊ဘင်္ဂလားဒေ့ရှ်)
ချစ်ကြည်ရေးအစီအစဉ်များ~~~~
- နေ့လည်စာကျွေးမည်
- (ဖုန်းကတ်များ) နှင့် အမှတ်တရ လက်ဆောင်များပေးမည်
- သွားအခမဲ့ကုသပေးမည်
စာရင်းပေးသွင်းနိုင်သည့် ဖုန်းနံပါတ်များ
- ၀၁၀-၉၉၃၈-၆၉၅၃
- ၀၁၀-၂၃၂၇-၂၄၅၇
- ၀၇၀-၄၂၀၄-၂၄၅၇

No comments: