Tuesday, August 14, 2012

၂၁ ကြိမ်မြောက် Daejeon ကာတွန်းပြိုင်ပွဲ(ဒီကာကို-၂၀၁၂)သို့ ပါဝင်ယှဉ်ပြိုင်ရန် လျှောက်လွှာရက် ၂လ ထပ်တိုး

၂၁ ကြိမ်မြောက် Daejeon ကာတွန်းပြိုင်ပွဲ(ဒီကာကို-၂၀၁၂)သို့ ပါဝင်ယှဉ်ပြိုင်ရန် လျှောက်လွှာရက် ၂လ ထပ်တိုး


ကိုရီးယားနိုင်ငံတွင် ပြုလုပ်မည့် ၂၁ ကြိမ်မြောက် Daejeon ကာတွန်းပြိုင်ပွဲ(ဒီကာကို-၂၀၁၂)သို့ ပါဝင်ယှဉ်ပြိုင်ရန် မြန်မာကာတွန်းဆရာများအား ဖိတ်ခေါ်ထားပြီး မြန်မာကာတွန်းဆရာများ အနေဖြင့်လည်း စိတ်ပါဝင်စားမှုရှိကာ ပြိုင်ပွဲဝင်နိုင်ရန် ပြင်ဆင်မှုများလည်း ရှိသည်ဟု သတင်းရရှိသည်။ ယင်းကာတွန်းပြိုင်ပွဲသို့ ယခင်နှစ်များကလည်း မြန်မာကာတွန်းဆရာများ အနေဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုများလည်း ရရှိခဲ့ဖူးသည်ဟု သိရသည်။

“ဒီပြိုင်ပွဲကအရင်ကလည်း မြန်မာကာတွန်းဆရာတွေ ၀င်ပြိုင်ခဲ့ဖူးသလို ဆုရရှိတာတွေလည်း ရှိခဲ့ဖူးတဲ့ အတွက် အခုနှစ်ကိုလည်း ထပ်ပြီး ပြိုင်ပွဲဝင်ကြဖို့ ဖိတ်ခေါ်တာပါ။ အဓိ ကတော့ နိုင်ငံတကာပြိုင်ပွဲ အတွေ့အကြုံရရှိနိုင်တဲ့ အခွင့်အရေးရှိတာကြောင့် ကျွန်တော်တို့ လူငယ်ကာတွန်းဆရာတွေ အနေနဲ့လည်း စိတ်ပါဝင်စားမှု ရှိပါတယ်။ ပြိုင်ပွဲဝင်ဖို့ကိုလည်း ပြင်ဆင်နေကြတာတွေ ရှိတယ်” ဟု လူငယ်ကာတွန်းဆရာ ရွှေလူက ရှင်းပြခဲ့သည်။

ကိုရီးယားနိုင်ငံတွင် ပြုလုပ်မည့် ၂၁ ကြိမ်မြောက် Daejeon နိုင်ငံတကာ ကာတွန်းပြိုင်ပွဲတွင် New City& Eco Story ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ကြိုက်နှစ်သက် ရာပုံစံ၊ အရောင်တို့ဖြင့် ရေးဆွဲယှဉ်ပြိုင်နိုင်သည်ဟု သိရသည်။ ယှဉ်ပြိုင်လိုသူများ အနေဖြင့် မိမိရေးဆွဲထားသည့် ကာတွန်းလက်ရာနှင့်အတူ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာ၊ အလုပ်အကိုင်နှင့် အသက်များကို တစ်ပါတည်း ရေးသားကာ ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထား ပေးပို့ရမည်ဟု မူလက ရက်သတ်မှတ်ခဲ့သော်လည်း ၊ ယခုအခါ သြဂုတ်လ ၃၁ ရက်နေ့ထိ ၂လ ရက်တိုးလိုက်ကြောင်း ၊ ကိုရီးယားနိုင်ငံရောက် မြန်မာကာတွန်းဆရာကြီးများရော ဆရာလေးများပါ ပြိုင်ပွဲသို့ပါဝင်နိုင်ကြောင်း နှင့် အသေးစိတ်အချက်အလက်များကို DICACO2012 အင်တာနက်စာမျက်နှာ (CLICK HERE) တွင် လေ့လာဖတ်ရှုနိုင်ကြောင်းလည်း သိရသည်။

ဆုများအဖြစ် Grand prize ကိုဒေါ်လာ ၃၀၀၀၊ Gold prize ကို ဒေါ်လာ၁၀၀၀၊ Silver prize ကို ဒေါ်လာ ၅၀၀၊ Bronze prize ကို ဒေါ်လာ ၃၀၀ ဟု သတ်မှတ်ထားသည်ဟု သိရသည်။ ဆုရရှိ သည့် ကာတွန်းလက်ရာများကို အောက်တိုဘာလတွင် ဒေဂျောန်မြို့တော်နှင့် ကိုရီးယားမြို့တော်သစ် ဆေဂျုံမြို့(Sejong)တို့၌ ပြပွဲပြုလုပ် ပေးသွားမည် ဟု သိရှိရသည်။



အကိုးအကား-
-
- http://news-eleven.com/index.php?option=com_content&view=article&id=13659:--daejeon-----&catid=61:local&Itemid=133
- http://www.dicaco.com/contest.php
- http://www.rahimcartoon.com/news/1241-new-deadline-for-the-21st-daejeon-international-cartoon-contest-dicaco-korea-2012-
- http://dicaco.com/build/board.php3?table=guest&query=view&l=1&p=1&go=4
- http://www.rahimcartoon.com/festivals/1139-the-21st-daejeon-international-cartoon-contest-dicaco-korea-2012

No comments: