Friday, June 20, 2008

မြန်မာအသင်းဥက္ကဌဖလား ဘောလုံးပွဲ

မြန်မာအသင်း (ကိုရီးယား)

မြန်မာအသင်း (ကိုရီးယား) ဥက္ကဌဖလားဘောလုံးပွဲကို ၂၂. ၀၆. ၀၈ ရက်နေ့ နံနက် ၉း၀၀ တွင် ပူချွန်းမြို့ ရှီမင် ဘောလုံးကွင်းတွင် ကျင်းပမည်ဖြစ်ပါသည်။
ပြိုင်ပွဲဝင်မည့် ဘောလုံးအသင်းများမှာ အောက်ပါအသင်းများဖြစ်ကြသည်။

(၁) ဧရာဝတီ ဘောလုံးအသင်း
(၂) တုန်ဆန် ဘောလုံးအသင်း
(၃) အောင်ဆန်း ဘောလုံးအသင်း
(၄) ဆန်မီ အက်ဖ်စီ ဘောလုံးအသင်း
(၅) အန်ဆန်းရှီဝှာ ဘောလုံးအသင်း
(၆) ချင်းလူမှုရေးအသင်း ဘောလုံးအသင်း
(၇) အင်ချွန်း ဘောလုံးအသင်း
(၈) ဓမ္မဒူတ ဘုန်းကြီးကျောင်း ဘောလုံးအသင်း
(၉) ဂွမ်ဂျူး ဘောလုံးအသင်း
ကင်ပိုလူငယ်များအဖွဲ့က မြန်မာနိုင်ငံ လေဘေးထောက်ပံ့ရေးရံပုံငွေ အဖြစ် အသုတ်စုံနှင့် ဟင်းခါးရောင်းမည်။
ပြိုင်ပွဲဝင် ဘောလုံးအသင်းများအားလုံး နံနက်ရှစ်နာရီတွင် ကွင်းအတွင်းသို့ ရောက်ရှိ အသင့်ပြင်ထားကြမည်ဖြစ်သည်။
ဆုများမှာ
ပထမဆု၊ ဒုတိယဆု၊ တတိယဆု နှင့် အကောင်းဆုံးဘောလုံးသမားဆု လေးဆု ချီးမြှင့်မည်ဖြစ်သည်။ ရွှေမြန်မာ ညီအစ်ကို မောင်နှမများ လာရောက်အားပေးကြပါရန် ဖိတ်ကြားအပ်ပါသည်။

No comments: