၁၉၆၉ခုနှစ် အင်္ဂလန်နိုင်ငံ လန်ဒန်တွင်နေထိုင်သော သြစတေးရီးယားနိုင်ငံသား၂ယောက်သည် ခြင်္သေ့ငယ်တကောင်အား ၀ယ်ယူကာ
ခရီးစတိုင်းဟူ၍ အမည်ပေးပြီး မိမိတို့အိမ်၌ မွေးမြူထားခဲ့ကြသည်။
တဖြေးဖြေးကြီးထွားလာသော ခရီးစတိုင်းခြင်္သေ့ကလေးအား မြို့တွင်း၌ ဆက်လက် မွေးမြူရန်မဖြစ်နိုင်တော့သဖြင့် အာဖရိကရှိ ကင်ညာနိုင်ငံသို့ ပို့လိုက်ကြရသည်။
တနှစ်အကြာ ခြင်္သေ့ကလေးအားတွေ့ဆုံရန် သူ၏သခင်၂ယောက်သည် ကင်ညာနိုင်ငံသို့ သွားကြလေသည်။ တနှစ်ကြာကွဲကွာပြီးနေခဲ့ကြသော်လည်း သခင်၂ယောက်အားတွေ့တွေ့ခြင်း ခြင်္သေ့ကလေးသည် ပြေးလာကာ ဖက်လဲတကင်းနှုတ်ဆက်ကြိုဆိုလေသည်။
ထိုဖြစ်ရပ်အား ဗွီဒီယိုရိုက်ကူးမှတ်တမ်းတင်ပြီး အင်တာနက်သို့တင်သောအခါ လူပေါင်း၂သန်းကျော်မှ ၀ိုင်းဝန်းကြည့်ရှုကြသဖြင့် ကမ္ဘာ့ထိပ်တန်းသတင်းဖြစ်ခဲ့ရသည်။
Friday, July 4, 2008
ကျေးဇူးသိတတ်သော ခြင်္သေ့ငယ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment