Wednesday, July 23, 2008

အနိမ့်ဆုံး လုပ်အားခ လစာ အတည်ပြု သတ်မှတ်

ဇူလိုင် ၂၂
ကိုရီးယားနိုင်ငံ အလုပ်သမား ၀န်ကြီးဋ္ဌာနမှ လာမည့်နှစ် (၂၀၀၉)အတွက် အနိမ်ဆုံး လုပ်အားခအား တနာရီလျှင် ၀မ် ၄၀၀၀ နှုန်းသို့ ယနေ့ တိုးမြှင့် အတည်ပြုသတ်မှတ် လိုက်ကြောင်းသိရသည်။ သို့ပါ၍ တရက်လုပ်အားခ ၀မ် ၃၂၀၀၀ (အလုပ်ချိန် ၈နာရီ) ၊ တပတ်လျှင် ၄၄ နာရီ အလုပ်လုပ် ရသော အလုပ်သမား တယောက်၏ အနိမ့်ဆုံးလစာ ၀မ် ၈၈၀၀၀၀ ၊ တပတ်လျှင် နာရီ ၄၀ အလုပ်လုပ်ရသော အလုပ်သမား တယောက်၏ အနိမ့်ဆုံး လစာ ၀မ် ၈၀၀၀၀၀ တို့အား လာမည့် ၂၀၀၉ခုနှစ် ဇန်န၀ါရီလ ၁ရက်နေ့မှ စတင်၍ ခံစားရမည်ဖြစ်သည်။ တပတ်လျှင် နာရီ ၄၀ (အရပ်အခေါ် တပတ် ၅ရက်) စနစ်အား ၂၀၀၈ခုနှစ် ဇူလိုင်လ ၁ရက် နေ့မှ စတင်၍ အလုပ်သမား ၂၀ဦး နှင့်အထက် ရှိသော စက်ရုံများတွင် အသုံးပြု ကျင်သုံး နေရပြီဖြစ်ပါသည်။ ကိုရီးယား နိုင်ငံ၏ အခြေခံ အလုပ်သမားဥပဒေ အရ အနိမ့်ဆုံးလုပ်အားခ လစာသည် ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသား အလုပ်သမားများ(အမျိုးသမီးများအပါအ၀င်) အတွက်ပါ အကျုံးဝင်ပါသည်။ ကိုရီးယား အလုပ်သမားဝန်ကြီးဋ္ဌာနသည် အနိမ့်ဆုံး လုပ်အားခထက် လျှော့ချ၍ ပေးသော စက်ရုံအလုပ်ရုံများအာ ဥပဒေအရ အရေးယူမှုများပြုလုပ်ပါသည်။ ယခုနှစ် (၂၀၀၈) အတွက် သတ်မှတ်ထားသော အနိမ့်ဆုံး လုပ်အားခမှာ တနာရီလျှင် ၀မ် ၃၇၇၀ ဖြစ်ပါသည်။


Type rest of the post here

No comments: