Wednesday, July 2, 2008

တရုတ်ပြည်သူတွေရဲ့ ရဲရင့်မှု


တရုတ် ရှန်ဟိုင်းတွင် အသက် ၂၈နှစ် အရွယ်ရှိ အမျိုးသားသည် လက်နက်ကိုင်ဆွဲပြီး ရဲစခန်းအတွင်းသို့ ၀င်ရောက်တိုက်ခိုက်ရာမှ အချိန်တိုအတွင်းရဲ ၅ဦး သေဆုံးခဲ့ပြီး ၅ဦး ဒဏ်ရာရရှိခဲ့သည်။ဝင်ရောက်တိုက်ခိုက်သူသည် ဦးစွာ ရဲစခန်း အပြင်ဘက်တွင် မီးရှို့ပြီး အများအာရုံအား လှည့်စားပြီးနောက် အတွင်းသို့ ပြေးဝင်လာပြီး တိုက်ခိုက်ခြင်းဖြစ်သည်။ ဒဏ်ရာရရှိသူများအနက် ၂ဦး၏ အခြေအနေမှာ ဆိုးရွားလှသည်။ ပေကျင်းတွင် မွေးဖွားသည့် အဆိုပါ တိုက်ခိုက်သူအား အခင်းဖြစ်ပွားရာနေရာ၌ပင် ဖမ်းဆီးရမိခဲ့သည်။
သူက လွန်ခဲ့သောနှစ် ၁၀လပိုင်းတွင် မိမိအား စက်ဘီးခိုးမှုတွင် မသကာင်္သဖြင့် စစ်ဆေးမေးမြန်းခဲ့သည်အား မကျေမနပ်ဖြစ်ကာ ကလဲ့စားချေရန် အလို့ငှာ ထိုသို့ ပြုလုပ်ခြင်းဖြစ်သည်ဟု ၀န်ခံပြောကြားသည်။
လွန်ခဲ့သော စနေနေ့တွင်လည်း ဂူအီးဂျောအူးကျွန်းတွင် ဒေသခံပြည်သူ ထောင်သောင်းများစွာသည် အစိုးရရုံးဌာနနှင့်ရဲဌာနတို့အား ဖျက်ဆီးပြီး မီးရှို့ပြစ်ခဲ့သည်။ ဖြစ်ပွားပုံမှာ မတရားကျင့်ခံရပြီးနောက် သတ်ဖြတ်ခြင်းခံခဲ့ရသော အလယ်တန်းကျောင်းသူ၏ အမှုနှင့်ပတ်သက်ပြီး ရဲများ၏ စစ်ဆေးမှုအား ယုံကြည်မှုမရှိသဖြင့် ဒေသခံ ပြည်သူများ၏ ဒေါသမီး ပေါက်ကွဲခဲ့ရခြင်း ဖြစ်သည်။ ပြည်သူများသည် အဆိုပါ မုဒိန်းမှုတွင် ရဲဌာနချုပ်၏သားဖြစ်သူမှ ပါဝင်ပတ်သက်သည့် အတွက် တရားခံများအား တမင် လွှတ်ပေးခဲ့သည်ဟု ပြောဆိုကြသည်။ ဒေသတွင်း အစိုးရအာဏာပိုင်များကမူ ယင်းအမှုသည် သက်သေမဲ့သဖြင့် လွှတ်ပေးခြင်းဖြစ်သည်ဟု ပြောဆိုသော်လည်း ယင်းအား ယုံကြည်မှု မရှိသဖြင့် ပြည်သူများသည် အဆိုပါ အလယ်တန်းကျောင်းသူ၏ အလောင်းအား ရယူပြီး ထိမ်းသိမ်းထားသည်။

2 comments:

ဝင်းပေါ်မောင် said...

ရဲရင့်တာလား၊ မိုက်ရူးရဲတာလား ဆန်းစစ်ကြည့်ဖို့တော့ ကောင်းသဗျာ...

စိုးမိုးသူ said...

ပြည်သူလူထုအပေါ် ထင်တိုင်းကျဲတဲ့ ရဲတွေကို ဒီလိုကောင်းကောင်းဆုံးမပေးမယ့်သူ လိုအပ်ပါတယ်။
မြန်မာပြည်မှာလည်း ဒီလို ရဲရင့်တဲ့သူတွေ များများ ပေါ်ပေါက်လာပါစေ...