Thursday, July 3, 2008

ကျားမှ မ ပြောင်း အင်္ဂလန်နိုင်ငံသားတဦးအကြောင်း

မုတ်ဆိတ်မွေးများ ပျောက်ကွယ်ကာ ရင်သားများကြီးထွားလာပြီး တဖြေးဖြေး မိန်းမအသွင်သို့ ပြောင်းလဲလာသော အသက်၆၀အရွယ်ရှိအင်္ဂလန်နိုင်ငံသားအမျိုးသားတဦးသည် ဆေးဝါးကုသမှုအကူအညီအား အထူး လိုလားတောင့်တနေကြောင်း သိရှိရသည်။
အင်္ဂလန်နိုင်ငံ ဘောမင်းအောမ်၌ အဆိုတော်အလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုလုပ်နေသော တယ်ရီရိုက်၏ကိုယ်ခန္ဓာသည်
လွန်ခဲ့သော၁၀နှစ်မှစတင်၍ ဆံပင်များ၊ မုတ်ဆိတ်မွေး၊နှုတ်ခမ်းမွေးများ ရုတ်တရက် ပျောက်ကွယ်သွားပြီး အသားအရေသည် နူးညံ့လာကာ ရင်သားများလည်း ကြီးထွားလာခြင်းဖြင့် သူ၏ ကိုယ်သည် အမျိုးသမီးကိုယ်အဖြစ်သို့ စတင်ပြောင်းလဲလာခဲ့သည်။
ကလေး၅ယောက်ဖခင် တယ်ရီရိုက်သည် ဆေးရုံသို့ သွားရောက်စမ်းသပ်စစ်ဆေးသောအခါ သူ၏ကိုယ်တွင်း၌ အမျိုးသမီးဟိုမုန်းများ လျင်မြန်စွာ တိုးပွားလာနေသည်ကို ထူးဆန်းစွာတွေ့ရှိရသည်။
စမ်းသပ်စစ်ဆေးသည့်ဆရာဝန်များသည် မိမိတို့တသက်တာတွင် ထိုကဲ့သို့သောအမျိုးသမီးဟိုမုန်းများ လျင်မြန်စွာ တိုးပွားလာခြင်းအား တွေ့မြင်ခဲ့ဖူးခြင်းမရှိဟုဆိုကာ ကုသပေးနိုင်မည့် နည်းလမ်းများလည်း မရှိဖြစ်နေသည်။
ရပ်ကွက်တွင်းရှိကလေးများမှ ရွှီးမန်း(shw-man)ဟုနောက်ပြောင်ခေါ်ဆိုခြင်းခံနေရသော တယ်ရီရိုက်က မိမိသည် အမျိုးသမီးမဖြစ်လိုကြောင်းနှင့်မိမိသည် အမျိုးသားသာဖြစ်ကြောင်း မိမိယခင်အခြေအနေသို့ ပြန်ရောက်ရန် အထူးလိုလားကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

No comments: