Thursday, July 3, 2008

“ဆဲဗင်း ဇူလိုင် မမေ့နိုင်”ဆန္ဒပြပွဲ

တောင်ကိုရီးယားနိုင်ငံရှိ ရွှေမြန်မာ ညီအကို မောင်နှမအပေါင်းတို့
၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက် စနေနေ့မှသည် လာမည့် ၂၀၀၈ ခုနှစ် ဇူလိုင်လ ၇ ရက် တနင်္လာနေ့တွင် ၄၆ နှစ်တိုင်ခဲ့ပြီဖြစ်သော ကျွှန်ုပ်တို့၏ နောင်တော် အမတော် ကျောင်းသား၊ ကျောင်းသူများမှစ၍ အမိမြန်မာပြည်တွင်း စစ်မှန်သော လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ရာ ဗိုလ်နေ၀င်း ဦးဆောင်သော ဖက်ဆစ် စစ်အာဏာရှင်တို့မှ ရက်စက် ရမ်းကားမှုကြီးစွာဖြင့် ကျောင်းသား သမဂ္ဂ အဆောက်အဦးကြီးအား ဒိုင်းနမိုက်ဖြင့် ဖြိုကွဲ ပျက်စီးခြင်းကို ခံခဲ့ရပြီး ခွပ်ဒေါင်းသွေး မြေကျခဲ့ရသည့် သွေးစွန်သော နေ့ဆိုးတနေ့ကို


မမေ့မပျောက်နိုင်သောအားဖြင့်လည်းကောင်း ကျဆုံးခဲ့ရရှာသည့် ခွပ်ဒေါင်း ရဲဘော် ရဲမေအပေါင်းတို့၏ သွေးသမိုင်းဂုဏ်ပုဒ်များကိ အောက်မေ့ တသ လွမ်းဆွတ်သော အားဖြင့် လည်းကောင်း။ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ နအဖ စစ်ရာဇ၀တ်ကောင်တို့၏ သံရုံးရှေ့တည့်တည့်တွင် ဆန္ဒပြပွဲ တရပ်ကို ၂၀၀၈ ခုနှစ် ဇူလိုင်လ ၆ ရက် တနင်္ဂနွေနေ့ မနက် ၁၁နာရီမှ ၁၂ နာရီအထိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲမှ ဦးဆောင်၍ စီစဉ် ကျင်းပ ပြုလုပ်မည့် ဖြစ်ပါသဖြင့် မျိုးချစ် စိတ်ဓါတ်ထက်သန်ကြသည့် ကိုရီးယားနိုင်ငံရောက် မျိုးချစ် မြန်မာတိုင်း မပျက် မကွက် ပူးပေါင်း ပါဝင်ကြပါရန် လေးစားစွာဖြင့် အသိပေး အကြောင်းကြားအပ်ပါသည်၊

ရန်နိုင်ထွန်း
သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောာက်နယ်မြေ) ကိုရီးယားဌာနခွဲ
၈၂ ၁၁ ၉၇၂၃ ၄၇၇၃

No comments: