“ လာဘ်တကာလာဘ်တို့တွင်အနာကင်းမူက အသာလွန်ဆုံး ”ဆိုသည့်စကားအတိုင်း လူသားတို့အတွက် ကျန်းမာရေးသည် အလွန်အရေးကြီးလှပေသည်။
မိမိတို့ လုပ်ကိုင် ဆောင်ရွက်နေကြသော စက်ရုံအလုပ်ရုံ လုပ်ငန်းများနှင့်တကွ ပညာရေး ၊ လူမူရေး ၊ ဘာသာရေး ၊ နိုင်ငံရေး အစရှိသည့် လူမှုဖွံ့ဖြိုးရေး လုပ်ငန်းအားလုံးကို ကျန်းမာသန်စွမ်းမှသာလျှင် တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်ကြပေလိမ့်မည်။
မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်သည် ကိုရီးယားရောက် မြန်မာနိုင်ငံသားများ၏ ကျန်းမာရေးကို ကူညီစောင့်ရှောက်ပေးလိုသော စေတနာဖြင့် ကိုရီးယားဗုဒ္ဓဘာသာဝင်များအဖွဲ့ချုပ်၏ ကျန်းမာရေး ၀န်ထမ်းများနှင့် ပူးပေါင်း၍ `မြန်မာနိုင်ငံသားများအတွက် အခမဲ့ဆေးဝါးကုသပေးမှု´ အစီအစဉ်ကို ဒုတိယအကြိမ်အဖြစ် ၅.၁၀.၂၀၀၈ (တနင်္ဂနွေ)နေ့၌ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်တွင် စီစဉ်ထားရှိပါသည်။ သို့ပါ၍ ဆေးဝါးလာရောက်ကုသမှုခံယူနိုင်ရန် မိတ်သင်္ဂဟအပေါင်းအား ခင်မင်ရင်းနှီးစွာ ဖိတ်ခေါ်အပ်ပါ သည်။
ကုသပေးမည့် ရောဂါဝေဒနာများ
နှလုံး ၊ သွေးတိုး ၊ မျက်စိ ( မျက်မှန်တပ်ဆင်သူများ ) ၊ အဆစ်အမြစ် ကိုက်ခဲခြင်း ၊ ခါးနာခြင်း ၊ အကြောထုံးခြင်း ၊ သွေးအမျိုးအစား စစ်ဆေးခြင်း
ကုသပေးမည့် နေရာ
မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား )
ကုသပေးမည့် အချိန်
နေ့လယ် ၁ နာရီ မှ ညနေ ၄ နာရီ အထိ
အထူးအစီအစဉ်
လာရောက်ဆေးဝါးကုသမှုခံယူမည့် လူများအား ရှေးဦးသူနာပြုဆေးဝါးများ အခမဲ့ လက်ဆောင်ပေးအပ်ပါမည်။
အခမဲ့ ကျန်းမာရေး စောင့်ရှောက်မူ အစီအစဉ် ဖြစ်ပါသည်။
Sunday, September 28, 2008
`အာရောဂျ ပရမာ လာဘာ´
Subscribe to:
Post Comments (Atom)
No comments:
Post a Comment