သတင်းစာဆရာကြီး ဦးဝင်းတင် က ၄င်းအား သာမန် ပြစ်ဒဏ်ကျများကဲ့သို့ ထောင်ဒဏ်ရပ်စဲ၍ လွှတ်ပေးခြင်းကို ကန့်ကွက်သည့်အနေဖြင့် ထောင်အ၀တ်အစားဖြင့်ပင် ထောင်ပြင်သို့ ထွက်လာခဲ့သည်ဟု ဗီအိုအေသတင်းဌာနသို့ ပြောကြားပါသည်။
ဦးဝင်းတင်က မိမိအား နိုင်ငံရေးအရ ဖမ်းဆီးထားလျှင် နိုင်ငံရေးအရ လွှတ်ရမည်၊ မတရား ဖမ်းဆီးထားသည်ကို ရုတ်သိမ်းပြီးမှ လွှတ်ရမည်၊ ထောင်ဒဏ်ရပ်စဲပေးလိုက်ခြင်းကို လက်မခံနိုင်ကြောင်း၊ ယခုလို လွှတ်ပုံကို ကန့်ကွက်ကြောင်း ထောင်အာဏာပိုင်များကို တုံ့ပြန်ခဲ့သည်။ ထိုသို့ ကန့်ကွက်သည့်အနေဖြင့် ထောင်အ၀တ်အစား ၀တ်လျက်နှင့်ပင် ထောင်ပြင်သို့ ထွက်လာခဲ့သည်။
ယခု ထောင်ပြင်ရောက်လာသော်လည်း ပီတိလည်း မဖြစ်၊ ၀မ်းနည်းဝမ်းသာလည်း မဖြစ်ဟု ဆိုပါသည်။
မိမိအနေနှင့် မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိသည်အထိ ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောဆိုလိုက်ပါသည်။
Wednesday, September 24, 2008
ထောင်အ၀တ်အစားနဲ့ ထောင်မှ ထွက်လာသူ
Subscribe to:
Post Comments (Atom)
2 comments:
လွတ်တာလည်း ပြန်ဖမ်းတာတို့ နေအိမ်အကျယ်ချုပ်တို့ လုပ်ချင်လုပ်ဦးမှာ
အသက်ကြီးသော်လည်း မျိုးချစ်စိတ်ဓါတ် နုပျိုရှင်သန် လျှက် ရှိနေတဲ့ ဒီမိုကရေစီအမျိုးသားသူရဲကောင်း ဘဘဦးဝင်းတင် ကို ကျန်းမာချမ်းသာပါစေ..ဘေးရန်ကင်းပါစေလို့ ဆုတောင်းပါသည်။
Post a Comment