ရေးသားသူ — Dhammaduta
ဓမ္မဒူတဗုဒ္ဓဘာသာအသင်း (ကိုရီးယား)
Dhammaduta Buddhist Association in Korea
၁၃၇ဝ ပြည့်နှစ် ၊ သီတင်းကျွတ်လဆန်း ၈ ရက် ။
အင်ချောန်မြို့ ။
ကထိန်သင်္ကန်းကပ်လှူပူဇော်ပွဲ ဖိတ်ကြားလွှာ
Dhammaduta Buddhist Association in Korea
၁၃၇ဝ ပြည့်နှစ် ၊ သီတင်းကျွတ်လဆန်း ၈ ရက် ။
အင်ချောန်မြို့ ။
ကထိန်သင်္ကန်းကပ်လှူပူဇော်ပွဲ ဖိတ်ကြားလွှာ
သို့
ကိုရီးယားနိုင်ငံရောက် မြန်မာတိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး ။
ဓမ္မဒူတဗုဒ္ဓဘာသာအသင်း (ကိုရီးယား) (Dhammaduta Buddhist Association in Korea) လုပ်ငန်းကော်မတီအနေဖြင့် ကိုရီးယားနိုင်ငံရောက် မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမများနှင့်အတူ ၊ ၁၃၇ဝ ပြည့်နှစ် ကထိန်သင်္ကန်း ကပ်လှူပူဇော်ပွဲကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပမည် ဖြစ်ပါသဖြင့် ကြွရောက်တော်မူကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည် -
ရက်စွဲ ။ ၁၃၇ဝ ပြည့်နှစ် ၊ တန်ဆောင်မုန်း လဆန်း ၅ ရက် ၊ တနင်္ဂနွေနေ့
( ၂ဝဝ၈ ခုနှစ် နိုဝင်္ဘာလ ၂ ရက် )
နေရာ ။ ဓမ္မဒူတသိမ်တော် ခမ်းမ
အစီအစဉ် –
- ၁၁း၁၅ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ခြင်း ။
- ၁၁း၅ဝ ဧည့်သည်တော်များ နေ့လည်စာ သုံးဆောင်ခြင်း ။
- ၁၃း၁၅ ခေတ္တ အနားယူခြင်း ။
- ၁၃း၃ဝ အခမ်းအနား စတင်ခြင်း ။
- ၁၃း၃၅ ကထိန်သင်္ကန်း နှင့်တကွ အလှူပစ္စည်းများလှူဒါန်းခြင်း ၊ တရားနာယူခြင်း ၊
အလှူတော်အစုစုရေစက်ချ အမျှအတန်းပေးဝေခြင်း ။
- ၁၅းဝဝ အခမ်းအနားပြီးဆုံးခြင်း ။
အကျိုးတော်ဆောင်အဖွဲ့
ဓမ္မဒူဗုဒ္ဓဘာသာအသင်း (ကိုရီးယား)
မူရင်းဖိတ်စာ
1 comment:
ဓအောက်ချိုင့် အသေး (အောက်မှာရှိသော ဓအောက်ချိုင့်) ရိုက်မရလို့ ဆရာရေ ၊
ကလေးက အစ သိတဲ့စာလုံးလေးတွေပါ ၊ လူကြီးမင်း အဓိပ္ပါယ်ကို သိတယ်ဟုတ်လား ။ ဒီကလည်း သိရင်ပြီးရော့ဆိုပြီးရိုက်လိုက်ရတာ ။
အမှားထောက်ပြ ပြုပြင်ပေးတာ ၀မ်းသာပါတယ် ။ အမှားကို ပြင်ပေးဖို့ ၀က်သူကြီးကို မေတ္တာရပ်ခံလိုက်ပါ ။
ကျေးဇူးတင်ပါတယ် ။
Post a Comment