Saturday, October 18, 2008

လုပ်သက်ခံစားခွင့်

ကိုရီးယားအလုပ်သမား ဥပဒေတွင် ၁-နှစ်အထက် အလုပ်လုပ်သည့် အလုပ်သမားအား လုပ်ငန်းရှင်မှ လုပ်သက်ခံစား ခွင့်ငွေ ပေးရန်သတ်မှတ်ထားသည်။
(သို့သော်၊ အလုပ်သမားအရေအတွက် ၄-ယောက် အောက် သာရှိသည့် လုပ်ငန်းခွင်ဖြစ်ပါက လုပ်သက်ခံစားခွင့် မရရှိ နိုင်ပါ)
◆လုပ်ငန်းရှင်သည် ၁-နှစ်အထက် အလုပ်လုပ်ခဲ့သည့် အလုပ်သမားအား ၁-နှစ်လျှင် ပျမ်းမျှရက်-၃၀စာအား အလုပ်ထွက်ပြီးနောက် ၁၄-ရက်အတွင်းပေး ရမည်ဖြစ်သည်။

◆ဥပမာ အားဖြင့်
အလုပ်သမားသည် ၂၀၀၆.၁.၁-ရက်နေ့မှအလုပ်ဝင်၍
၂၀၀၇.၆.၃၀-ရက် နေ့ထိ အလုပ်လုပ်၍ အလုပ်မှ ထွက်ခဲ့သည်ဆိုပါစို့၊
ထိုအလုပ်သမားသည် ၄-လပိုင်းတွင် လစာ-၁ ၀၀၀ ၀၀၀-၀မ်၊
၅-လပိုင်းတွင်လစာ-၁ ၁၀၀ ၀၀၀ ၀မ်၊
၆-လပိုင်းတွင် လစာ-၁ ၂၀၀ ၀၀၀-၀မ် ရရှိသည်ဆိုပါက
ဦးစွာ ပျမ်းမျှတရက်လုပ်အားခကို တွက်ပါ။
တွက်နည်း-
ပျမ်းမျှတရက်လုပ်အားခ=နောက်ဆုံးလုပ်ခဲ့သည့်စုစုပေါင်း၃လစာ ÷ နောက်ဆုံးလုပ်ခဲ့သည့် ၃လအတွင်းရှိရက်ပေါင်း
(၁ ၀၀၀ ၀၀၀+၁ ၁၀၀ ၀၀၀+၁ ၂၀၀ ၀၀၀) ÷ (ရက်-၃၀+၃၁+၃၀) = ၃၆ ၂၆၄၀မ်

ထို့ကြောင့် ပျမ်းမျှတရက်လုပ်အားခသည် ၃၆ ၂၆၄ ၀မ် ဖြစ်သည်။

လုပ်သက်ခံစားခွင့်ငွေ= ပျမ်းမျှတရက်လုပ်အားခ x အလုပ်လုပ်ခဲ့သည့်ကြာမြင့်ကာလ
၃၆ ၂၆၄ ၀မ် x ၄၅ရက် (၁-နှစ်ခွဲ) = ၁ ၆၃၁ ၈၈၀-၀မ်

ထို့ကြောင့် လုပ်သက်ခံစားခွင့်သည် ၁၆၃၁၈၈၀ ၀မ်ဖြစ်သည်။


No comments: