မြန်မာနိုင်ငံအမျိုးသားရေးလှူပ်ရှားမှု့မြင့်တင်ရေး ကော်မတီ(PCNMB)သည် ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေထိုင်ကြသော အမိမြန်မာနိုင်ငံသားများအတွက် လုပ်ငန်းခွင်ကျန်းမာရေးနုင့် နိုင်ငံသားများနည်းတူအလုပ်ဥပဒေအတိုင်းရပိုင်ခွင့် များအပြည့်အ၀ သိရှိစေရန် ရည်ရွယ်၍ မြန်မာဗုဒ္ဒသာသနာပြုကျောင်းတော်သို့(၁၉.၁၀.၀၈)နေ့က လာရောက်သင်တန်းပို့ ချပေးခဲ့ ပါသည်။သင်တန်းအား နေ့ လည် ၂နာရီခွဲတွင်စတင်ခဲ့ပြီး နိုင်ငံခြားသား အလုပ်သမားဥပဒေပိုင်းဆိုင်ရာကျွမ်းကျင်သော ကိုရီးယားနိုင်ငံရှေ့နေများ၊နိုင်ငံခြားသားအလုပ်သမားစင်တာမှတာဝန်ရှိသူများနှင့် အလုပ်သမားများကျန်းမာရေးအတွက် အစဉ်ဆောင်ရွက်ပေးနေသောဆရာဝန်များမှ ပရိုဂျက်တာဖြင့် သင်ကြားပို့ ချခဲ့ ပါသည်။ကိုရီးယားဘာသာစကားကျွမ်းကျင်သောကော်မတီဝင်တစ်ဦး မှလည်းဘာသာပြန်ဆိုပေးရင်းတက်ရောက်လာသူ များ၏မေးမြန်းချက်များကိုမမောနိုင်မပန်းနိုင် ကျွမ်းကျင်ပိုင်နိုင်စွာ ဖြေကြားပေးခဲ.ပါသည်။ညနေ၆နာရီတွင် ပြီးစီးခဲ့ကာ သင်တန်းတက်ရောက်လာများကိုလည်း အလုပ်သမားဥပဒေ( အမေး၁၀၀၊အဖြေ၁၀၀)စာအုပ်များ အခမဲ့ ပေးဝေ ခဲ့သည်။သင်တန်းတက်ရောက်ပြီးနောက်ပိုင်း ကိုရီးယားနိုင်ငံအလုပ်သမားဥပဒေ အကြောင်း၊ကျန်းမာရေးရှု့ ထောင့်မှနေ၍ အန္တရာယ်ကင်းစွာ လုပ်ကိုင်နေထိုင်နည်းအကြောင်း၊ထိခိုက်ဒဏ်ရာရရှိပါက ရပိုင်ခွင့် လျော်ကြေးများ တောင်းဆိုနည်းတို့ကိုကောင်းစွာနားလည်ခဲ့ရပါသည်။ဤသင်တန်းဖြစ်မြောက်အောင်စီစဉ်ဆောင်ရွက်ပေးခဲ့ကြသော ကိုရီးယားသားရှေ့နေများ၊ဆရာဝန်များနုင့်မြန်မာနိုင်ငံအမျိုးသားရေးလှူပ်ရှားမှ့မြင့်တင်ရေးကော်မတီ(PCNMB)မှအဖွဲ့ ဝင်များအားလုံးကို ဘုန်းကြီကျောင်းဖြစ်မြောက်ရေးကော်မတီမှ အထူးကျေးဇူးတင်ရှိပါသည် ခင်ဗျာ။
No comments:
Post a Comment