Saturday, October 18, 2008

လောက, လူ

လမ်းကလေးက ပြောတယ်
`ငါ့ကျောပေါ်မှာ ဖြတ်သန်း
အပြန်အလှန် လျှောက်လှမ်းခဲ့ကြသူတွေအတွက်
ငါ ၀မ်းမြောက်တယ်´တဲ့။

`အို… ၀မ်းသာစရာပ
ငါ့အရိပ်အောက် ၀င်ရောက်ခိုနား
အမောဖြေသွားသူတွေအတွက်
ငါ ပီတိပွားသလိုပါလား´
သစ်ပင်အိုရဲ့ ဆိုစကား။

လမ်းလျှောက်လာတဲ့ လူတယောက်
သစ်ပင်အောက်ရောက်တော့
အမောဖြေရင်း ခဏထိုင်
ခါးကြားမှာ ခိုင်ခိုင်လိပ်ကျစ်လာတဲ့
သူပိုင်ဆိုင်သမျှ အသပြာတချို့ကို
နောက်တခါ ရေကြည့်ဖို့ ထုတ်နေတယ်။ ။

No comments: