ရေးသားသူ — Dhammaduta.K
ဓမ္မဒူတကျောင်းတော်(ကိုရီးယား)ဒေသန္တရလေ့လာရေးခရီးထွက်မည်
ကိုရီးယားနိုင်ငံရောက် မြန်မာ ညီအစ်ကိုမောင်နှမများ ၊ ဒေသန္တရ ဗဟုသုတတိုးပွါး ရရှိကြစေရန်နှင့် ၊ အပမ်းဖြေနိုင်ကြစေရန် အလို့ငှာ ၊ ဓမ္မဒူတ ဗုဒ္ဒဘာသာအသင်း(ကိုရီးယား) (Dhammaduta Buddhist Association in Korea) လုပ်ငန်းကော်မတီ အနေဖြင့် အောက်ဖော်ပြပါ ခရီးစဉ်ကို စီစဉ်ထားပါကြောင်း လေးစားစွာ အသိပေး ကြေညာအပ်ပါသည် –
ခရီးထွက်မည့် ရက်စွဲ -
၂ဝဝ၈ ခုနှစ် နိုဝင်္ဘာလ ၂၃ ရက် ၊ တနင်္ဂနွေနေ့ (နေ့ချင်းပြန်)
သွားရောက်မည့်နေရာ -
၁ ။ ကိုရီးယား တိပိဋကတိုက် ဟဲအင်ဆာ(Haeinsa Temple) နှင့် ၊
၂ ။ ကယောင်းဂျူး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ [the Gyeongju Historic Area, the capital of the ancient Silla Kingdom (57 B.C. - A.D. 935)]
မှတ်ချက် ။
- ခရီးစရိတ်အဖြစ် ၊ တစ်ဦးလျင် ဝမ် နှစ်သောင်း(20,000 Won)နှုန်းသတ်မှတ်ထားပါသည် ။ ခရီးစဉ်မှ ပိုလျှံငွေများကို ဓမ္မဒူတ ကျောင်းတော်(ကိုရီးယား)သို့ လှူဒါန်းသွားပါမည် ။
- လိုက်ပါလိုသူများ ၊ ဓမ္မဒူတ ဗုဒွဘာသာအသင်း(ကိုရီးယား)နှင့် မြန်မာဆိုင်များတွင် ကြိုတင်စာရင်းပေးသွင်းနိုင်ကြပါပြီ ။
- အသေးစိတ်သိလိုသူများ ဓမ္မဒူတ အလုပ်အမှုဆောင်အဖွဲ့ဝင်များထံမေးမြန်းနိုင်ကြပါသည် ။
- မူလသတင်းစဉ် ကြည့်ရှုရန် (ဒီမှာနှိပ်)
အလုပ်အမှုဆောင်အဖွဲ့
ဓမ္မဒူတ ဗုဒ္ဒဘာသာအသင်း(ကိုရီးယား)
Type rest of the post here
Sunday, November 9, 2008
ဓမ္မဒူတအဖွဲ့(ကိုရီးယား)ဒေသန္တရလေ့လာရေးခရီးထွက်မည်
Labels:
ကိုရီးယားသတင်း,
ဘာသာရေး,
သတင်းဖတ်စာ,
ကြေညာချက်,
မောင်းသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment