ရေးသားသူ — ကိုဝိုင်း(မိုးညှင်း)
ဖားအောက် ဆရာတော်ဘုရားကြီး ကိုရီးယား ၀ိပဿနာတရားစခန်းတွင် တရားချီးမြှင့်
၂၀၀၈ ၊နိုဝင်ဘာ ၂၀ ရက်နေ့က ၊ ကယောင်းဂီပြည်နယ် နမ်ယန်ဂျူးမြို့နယ်ရှိ အိုဒေါက် သင်တန်းကျောင်းတွင် ၊ ဖားအောက် ဆရာတော်ဘုရားကြီး၏ အနီးကပ် သွန်သင်ညွှန်ကြားမှုကို ခံယူလျက် ၊ ၀ိပဿနာတရားစခန်းကို ဖွင့်လှစ်ခဲ့ရာ ၊ ကိုရီးယား မဟာယာန ဘုန်းတော်ကြီး အပါး ၄၀ အပါအ၀င် ယောဂီ ၈၁ ဦး တို့ စခန်းဝင်ပြီး ၊ တရားထိုင် တရားမှတ်ပြုခဲ့ကြကြောင်း သိရပါသည် ။
အဆိုပါ ၀ိပဿနာ အလုပ်ပေး တရားစခန်းအား ၊ ဇေတ၀န်ကမ္မဌာန်း အသင်း (ကိုရီးယား) ၏ အစီအစဉ်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း နှင့် ၊ ဆရာတော်ကြီး၏ တရားပြသမှုအပေါ် စခန်းဝင် ကိုရီးယား ယောဂီများက အလွန်အားရ ကျေနပ်မှုရှိကြောင်းလည်း သိရပါသည် ။
ဖော်ပြပါ သတင်းအား ၊ ကိုရီးယားဘာသာဖြင့် ထုတ်ဝေသည့် Jungang Ilboသတင်းစာ (November23, 2008) စာမျက်နှာ ၂၃ တွင် ပါရှိရာ ၊ စိတ်ပါဝင်စားသူများ လေ့လာဖတ်ရှုနိုင်ကြရန်နှင့်၊ ကိုရီးယားမိတ်ဆွေများအား ရည်ညွှန်းပြသလိုပါက ပြသနိုင်ကြစေရန်အလို့ငှာ ၊Flash Paper ဖြင့် အင်တာမျက်စာမျက်နှာအဖြစ် ဖန်တီး တင်ဆက်အပ်ပါသည် ။
ကိုရီးယားဘာသာဖြင့် သတင်းမိတ္တူ ဖတ်လိုလျင် (ဒီမှာနှိပ်)
လေးစားမှုဖြင့်-
ကိုဝိုင်း(မိုးညှင်း)
Friday, November 28, 2008
ဖားအောက် ဆရာတော်ဘုရားကြီး ကိုရီးယား တရားစခန်းတွင် တရားချီးမြှင့်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment