Friday, November 28, 2008

ကျနော့် အဖေရဲ့ ဒီပလိုမေစီ

ရေးသားသူ — (မသိ)
ကျနော့် အဖေရဲ့ ဒီပလိုမေစီ

ဖခင်။ ။ သားရေ.. အဖေ မင်းကို မိန်းမပေးစားမလို့ စီစဉ်နေတယ်ကွ ။
သား။ ။ ကျုပ်က ကိုယ့်ကြိုက်တဲ့လူပဲ ကိုယ်ယူမှာ ဗျ ။
ဖခင်။ ။ နေအုံး သား... ကောင်မလေး က ဘီလ်ဂိတ် သမီးကွ ။
သား။ ။ အော် ဒီလိုလား... အဖေ့ စကားနားထောင်လိုက်ပါမယ် ။
ထို့နောက် ဖခင် သည် ဘီလ်ဂိတ် ထံသို့သွား ပြီး....
ဖခင်။ ။ ခင်ဗျား သမီးအတွက် အင်မတန်သင့်တော်တဲ့ ကောင်လေးတစ်ယောက်တွေ့ထားတယ် ။
ဘီလ်ဂိတ်။ ။ ကျွန်တော့် သမီးလေး က ငယ်ပါသေးတယ်ဗျာ ။
ဖခင်။ ။ နေအုံး... ဟိုကောင်လေး က ကမ္ဘာ့ဘဏ် လက်ထောက် ဥက္ကဌ ဗျ ။
ဘီလ်ဂိတ်။ ။ အာ.. ဒီလိုဆိုတော့လဲ လက်ခံရမှာ ပေါ့ဗျာ ။

နောက်ဆုံးတွင် ဖခင်သည် ကမ္ဘာ့ဘဏ် ဥက္ကဌ ထံသို့သွားသည် ။
ဖခင်။ ။ ဥက္ကဌ ကြီးခင်ဗျား... လစ်လပ်နေတဲ့ လက်ထောက်ဥက္ကဌ ရာထူးအတွက်
အထူးသင့်တော်တဲ့ သူငယ်လေးတစ်ယောက် တွေ့ထားပါတယ် ။
ဥက္ကဌ။ ။ကျွန်တော်မှာ လိုအပ်တာထက် အဲဒီရာထူးအတွက် လိုအပ်တာထက်တောင် ပိုများနေပါတယ် ။
ဖခင်။ ။ နေအုံး.. ဒီသူငယ်လေးက ဘီလ်ဂိတ်ရဲ့ သားမက်ကလေးဗျ ။
ဥက္ကဌ။ ။ ဒီလိုလား... ရပါတယ် ။
သင့်လက်ထဲမှာ ဘာမှမရှိလဲ သင့်မှာ positive attitudeရှိရင်...
သင်ဖြစ်ချင်တာတွေ ဖြစ်လာပါလိမ့်မယ် ။

မှတ်ချက် ။ မိတ်ဆွေ ကိုမျိုးလွင်ဦးက အီးမေးလ်ဖြင့် ပေးပို့လာသည်ကို ကူးယူ တင်ပြထားခြင်းဖြစ်ပါသည် ။
ခေါင်းစဉ်ကိုတော့ ကျနော့်စိတ်ကူးဖြင့် ပေးလိုက်ပါသည် ။
အားလုံးကို လေးစားလျက် -

ကိုဝိုင်း(မိုးညှင်း)

2 comments:

ဝင်းပေါ်မောင် said...

ိကိုဝိုင်းရေ... ခင်ဗျားရဲ့ `မသိ´ ဆိုတဲ့ သူက နာမည်နဲ့ လိုက်အောင် မသိ တဲ့သူ ဖြစ်နေတယ် ထင်ပ။ စာ နှစ်ပုဒ် ရှိပြီဆိုတော့ နည်းနည်း ပြန်ပြောသင့်တယ် ထင်လို့ မှတ်ချက် ပေးတာပါ။ စာနှစ်ပုဒ် စလုံးက မှန်သလိုလိုနဲ့ မှားနေတယ်။ ပထမစာက လူတွေဟာ အမှားတွေကိုပဲ လုပ်နေကြတာမို့ ငါတို့လည်း မှားကြမယ်ဆိုတဲ့ အတွေးအခေါ် ဖြစ်တယ်။ အခုစာက လှည့်ပတ်တာကို positive attitude လို့ ကောက်ချက်ချတာ မှားတယ်။ အကောင်းဖက်ကို မျှော်ကြည့်ပြီး မှန်မှန်ကန်ကန် ဆောင်ရွက်တာကို အပြုစိတ်လို့ ပြောတာ ဖြစ်ပါတယ်။ လှည့်ပတ်တာ မဟုတ်ဘူး။ ဒီလို မှန်သလိုလိုနဲ့ မှားနေတဲ့ လောဂျစ်တွေ အများကြီးရှိတယ်။ လစ်ဘရယ် ဒီမိုကရေစီကို တည်ထောင်ဖို့ အရင်းရှင်ဒီမိုကရေစီကို အရင်လုပ်ရမယ် ဆိုတဲ့ နအဖ သတင်းစာ ဆောင်းပါးတွေဟာ ဒီလို လောဂျစ်တွေ ဖြစ်ပါတယ်။

ကိုဝိုင်း (မိုးညှင်း) said...

သတိပေးစကား အဖြစ် စိုးရိမ်စွာ မှတ်ချက်ပြုလာသည်ကို ၀မ်းမြာက်စွာ လက်ခံကြိုဆိုပါသည် ။
ပို့စ်တင်သူအနေဖြင့်လည်း-
နီတိတစ်ပိုဒ် ၊
အတွေးအခေါ်တစ်ခု ၊
လမ်းညွှန်အယူအဆ တစ်ရပ် ၊
အတုယူဖွယ် အကြိုက်ဆုံး ဇာတ်လမ်း အဖြစ် ရွေးချယ်တင်ပြထားခြင်း မဟုတ်ပါ ။
လေဘယ်မှာ “ဟာသ” ခေါင်းစဉ်ကိုပါ ချိတ်ထားသည်ကို သတိပြု ကြည့်ရှု ပေးကြစေလိုပါသည် ။