Tuesday, November 25, 2008

Stop Crackdown Bandမှ လေးစားစွာ နှုတ်ခွန်းဆက်ပါတယ်။

မင်္ဂလာပါ ညီအကိုမောင်နှမအပေါင်းတို့
ရွှေ့ပြောင်းအလုပ်သမားများရဲ့ သူငယ်ချင်း
Stop Crackdown Bandမှ လေးစားစွာ နှုတ်ခွန်းဆက်ပါတယ်။
လွန်ခဲ့တဲ့ နိုဝင်ဘာလ၉ရက်နေ့က ကျင်းပပြီးစီးခဲ့တဲ့ လူ့အခွင့်အရေးဂီတဖျော်ဖြေပွဲမှာ
လာရောက်အားပေးကြတဲ့ ညီအကိုမောင်နှမအပေါင်းအား အထူးကျေးဇူးတင်ရှိပြီး
မလာရောက်နိုင်သော်လည်း လက်မှတ်များ ၀ယ်ယူအားပေးခဲ့ကြတဲ့ မိတ်ဆွေများကိုလည်း
အထူးကျေးဇူးတင်ရှိပါတယ်။


ကျနော်တို့ တီးဝိုင်းမှ အဲဒီပွဲက ရရှိခဲ့တဲ့ လက်မှတ်ရောင်းချရငွေအားလုံးအား
လွန်ခဲ့တဲ့ နိုဝင်ဘာလ ၂၃ရက်နေ့က
(၁)ရောဂါစွဲကပ်ပြီးအသက်သေဆုံးသွားခဲ့သော နီပေါရွှေ့ပြောင်းအလုပ်သမားရဲ့ ဆေးကုသစရိတ်
(၂)ကျောရိုးမတီဘီရောဂါခွဲစိပ်ကုသခဲ့တဲ့ မြန်မာနိုင်ငံသားကိုလှဘုန်းရဲ့ ဆေးကုသစရိတ်
စသည်တို့အတွက် ခွဲဝေလှူဒါန်းခဲ့ပါတယ်။
မွန်မြတ်လှတဲ့ ဇီဝိတဒါနအလှူကိုဖြစ်မြောက်အောင် ၀ိုင်းဝန်းကူညီကြတဲ့ညီအကိုမောင်နှမအားလုံးနှင့်
ဒီအလှူကို မြင် ကြား သိကာ ပီတိဖြစ်ကြမယ့် မိတ်ဆွေများအားလုံးလည်း ထပ်တူထပ်မျှ
ကုသိုလ်ရကြစေရန် ပေးဝေငှပါတယ်။
အားလုံးကို အထူးဂုဏ်ယူအပ်ပါကြောင်း
ရွှေ့ပြောင်းအလုပ်သမားတီးဝိုင်း
Stop Crackdown Band
ဓာတ်ပုံများကြည့်ရန်နှိပ်ပါ။

No comments: