Thursday, January 8, 2009

nargiz.exe ဗိုင်းရပ်စ်

ရေးသားသူ — အမည် kai


အခု ဒီ ၁ ရက် ၂ ရက်အတွင်းမှာ nargiz.exe ဆိုတဲ့ ဗိုင်းရပ်စ်တခုပေါ်ထွက်နေပါတယ်။
Anti-virus ဖြစ်တဲ့ kaspersky လည်း မနိုင်ဘူးဖြစ်နေပါတယ်။
အဲဒီဗိုင်းရပ်စ်က ဘယ်လိုမျိုးဒုက္ခပေးသလဲဆိုတော့ အခုအချိန်အထိ
ကျနော်သိသလောက်ဆိုရင်တော့
registry editor ဖွင့်လို့မရတော့ဘူး။ Task Manager ဖွင့်လို့မရတော့ဘူး။
System restore ပေးမလုပ်တော့ဘူး။
နောက်ပြီးတော့ စက်ကလေးသွားတယ်။ ကိုယ့်ဒေတာတွေ၊ ကိုယ်လုပ်သမျှတွေက
သူ့ဆီကိုရောက်သွားလား၊ မသွားလားတော့
အသေအချာမသိသေးဘူး။ သတိထားကြပါ။ တခြား Thumb Drive တွေကို ကိုယ့်စက်ထဲ
အထိုးမခံပါနဲ့။ ထိုးလိုက်တာနဲ့
ကိုယ့်စက်ထဲကို ချက်ချင်းကူးပါတယ်။ ဗိုင်းရပ်စ်ကို ရုရှားက
ကွန်ပျူတာကျောင်းသားမြန်မာတွေလုပ်တာ လို့သိရပါတယ်။
အားလုံးကို ဝေမျှပေးလိုက်ပါတယ်
ဆက်လက်ဖြန့်ဝေပေးပါါ

No comments: