Tuesday, February 10, 2009

ကွန့်မန့်ရေးနည်း နိဿရည်း

  1. ရေးချင်တဲ့ ပို့စ်ရဲ့ ခေါင်းစဉ်ကို နှိပ်လိုက်ရင် အဲဒီပို့စ်ဟာ အစအဆုံး အပြည့်အစုံ ပေါ်လာပါလိမ့်မယ်။ အောက်ဆုံးမှာ ကွန့်မန့်ရေးဖို့ ပါပါတယ်။
  2. Post a Comment ကို နှိပ်ပါ။ ကွန့်မန့်ရေးတဲ့ စာမျက်နှာ ပေါ်လာပါမယ်။
  3. ဒါမှမဟုတ် ခေါင်းစဉ်နဲ့ တည့်တည့် ညာဖက်က နံပတ်ကို နှိပ်လိုက်ရင်လည်း ကွန့်မန့်ရေးတဲ့ စာမျက်နှာ ပေါ်လာပါမယ်။
  4. စာမျက်နှာရဲ့ ဘယ်ဖက်မှာ ရေးပြီးသား ကွန့်မန့်တွေကို ဖော်ပြထားပြီး၊ ညာဖက်က Leave your comment ဆိုတဲ့ အကွက်ထဲမှာ စာရေးနိုင်ပါပြီ။
  5. စာရေးပြီးရင် အောက်မှာ ဖော်ပြထားတဲ့ WORD VERIFICATION ကို မှန်အောင် ရေးပါ။
  6. Google/Blogger ကိုရွေးမယ်ဆိုရင် USER NAME နေရာမှာ ကိုယ့်ရဲ့ အီးမေးလိပ်စာကို ထည့်ပါ။ Open ID ကိုရွေးမယ်ဆိုရင် ကိုယ့်ရဲ့ ID သို့မဟုတ် URL ကို ထည့်ပါ။
  7. Preview ကိုနှိပ်ပြီး ကြည့်ချင်ကြည့်လို့ ရပါသေးတယ်။ သေချာပြီ ဆိုရင်တော့ PUBLISH YOUR COMMENT ကို နှိပ်လိုက်ပါ။
  8. ကွန့်မန့်ရေးခြင်း အောင်မြင်စွာ ပြီးဆုံးသွားပါပြီ ခင်ဗျား။ (ဖြောင်း… ဖြောင်း… ဖြောင်း…)
စာကြွင်း — တကယ်တော့ Comment ဆိုတာ မြန်မာလို မှတ်ချက် ပါ။ သို့ပေတဲ့ တို့ဗမာများက ဗိုလ်လို ကွန့်မန့်လို့ ပြောမှ လျှာယားပြေတာမို့ တကွန့်မန့်တည်း ကွန့်မန့်လိုက်ရပါကြောင်း….

2 comments:

ကိုဝိုင်း (မိုးညှင်း) said...

ဒီပို့စ်ကို ကျနော်ရေးမလို့လုပ်နေတုန်းဗျာ ။ ဟီး ၊ မြန်သဗျာ ၊ ကိုကြီးပေါ်ကတော့ ....။

ဇေဇော် said...

ကိုယ်က နောက်တစ်နည်းရေးတော့ ပိုပြည့်စုံသွားတာပေါ့ ဆရာဝိုင်းရ..။ ဖြည့်ပေးပါဦးဗျာ...။ နည်းလမ်းကောင်းတွေ ထွက်တတ်လို့ပါ..။