Saturday, May 16, 2009

ကိုရီးယား အင်တာနက်သတင်း



၁၄ရက်နေ့မနက်စောစောပိုင်းက အရှည်၁၉၁cmရှိသော ဒေါ့တုမြွန် ငါးကြီးနှစ်ကောင်အား ကိုရီးယားနိုင်ငံ ဘူဆန်ပင်လယ်ပြင်၌ မစ္စတာ ကင်မြွန်ချော တို့ငါးဖမ်းသမားအုပ်စုက ဖမ်းဆီးရမိခဲ့သည်။


ကိုရီးယားသတင်းဌာန တစ်ခုမှ တယ်လီဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာတွင် မစ္စတာ ကင်မြွန်ချော က“ဒေါ့တုမြွန် ငါးမျိုးဟာ ထူးဆန်းသော ငါးမျိုးဖြစ်ကြောင်း၊အသားမှာလည်း အမဲသားနဲ့ဆင်တူပြီး အထူးသဖြင့် အမဲသားလိုပဲအင်အားကိုဖြစ်စေပါတယ်။ယနေ့ မနက်ပဲ ၀မ်သိန်း၄၀ နဲ့ ပြည်တွင်းမှာ စံချိန်တင်ဈေးနှုန်းနဲ့ ရောင်းချခဲ့ပါတယ်။ပြီးခဲ့တဲ့ ၂၀၀၇ တုန်းကလည်း အရှည်၁၇၀cmရှိသော ဒေါ့တုမြွန် ငါးကြီးတစ်ကောင်အား ၀မ်သိန်း ၂၀ ဖြင့်ရောင်းချခဲ့ဖူးကြောင်း ပြောကြားပါတယ်။၁၆၀cm ရှိတဲ့ ငါးကြီးတစ်ကောင်ဟာ လူအယောက်၁၀၀ ကို ၀၀လင်လင် ကျွှေးလို့ရပါတယ်။အဲဒီငါးတွေဟာ ရေအောက် အနက်ပေ ၄၀၀မှ ၅၀၀အတွင်းမှာနေထိုင်ကျက်စားလေ့ရှိပြီး အဲဒီငါးတွေကို ဖမ်းဆီးရမိဖို့ဆိုတာ တကယ်မလွယ်ပါဘူး။ဒါပင်မဲ့ ဖမ်းဆီးရမိခဲ့တဲ့ဒီငါးတွေဟာ ပေ၁၀၀ အထိတက်လာပြီး ကျွှန်တော်တို့ထောင်ထားတဲ့ပိုက်ကွန်ထဲကို ၀င်တိုးမိလို့ အခုလိုဖမ်းဆီးရမိခြင်းဖြစ်ပါတယ်”လို့ဖြေကြားသွားပါတယ်။



http://www.mt.co.kr/photonews/photonews_view.htm?no=200905151106515627
မှသတင်းကို ဆီလျော်အောင်ဘာသာပြန်သည်

No comments: