Wednesday, May 20, 2009

ကွန်ပြူတာသင်တန်း ဖွင့်လှစ်ခြင်း

ကိုရီးယား နိုင်ငံရောက် မြန်မာ နိုင်ငံသားများ အတွက် အိုင်တီ နည်းပညာ များကို စနစ်တကျ အသုံးပြု နိုင်ရေး ၊
မိမိနှင့် တကွ အမိ မြန်မာပြည် ဖွံဖြိုး တိုးတက်ရေး တို့အတွက် ပူးပေါင်း ဆောင်ရွက်နိုင်ရေး အစရှိသည် တို့ အတွက် ဒုတိယအကြိမ်မြောက် အဖြစ် မြန်မာ ကွန်ပြူတာ ဆရာများနှင့် ပူးပေါင်း ၍ ဝင်းဒိုးအခြေခံ အသုံး ပြုပုံ ၊ ကွန်ပြူတာ ဝင်းဒိုး ကြံ့ခိုင်ရေး ၊ ကွန်ပြူတာ ဗဟုသုတ နှင့်
လက်ရှိ ဖြစ်ပေါ်နေသော ကွန်ပြူတာ ဗိုင်းရပ်(စ် ) ပြဿနာ များ ကို ဖြေရှင်းနည်းတို့ အတွက် လက်တွေ့ အသုံးပြု ပုံများကို မြန်မာဗုဒ္ဓ သာသနာပြုကျောင်းတော်တွင် သင်ကြားပေးရန် စီစဉ်ထား ပါသည်။


စိတ်ပါဝင်စား သူများ ကျောင်းတော်သို့ ဆက်သွယ် မေးမြန်း နိုင်ပါကြောင်း လေးစားစွာ ဖြင့် အသိပေး ကြေညာအပ်ပါသည်။

သင်တန်းပေးမည့်နေရာ ၊ ၊ မြန်မာ ဗုဒ္ဓသာသနာပြုကျောင်းတော် ( ကိုရီးယား )

သင်တန်းစတင်မည့်ရက်၊ ၊ ၂၄.၀၅.၂၀၀၉ ( တနင်္ဂနွေ )

သင်တန်းစတင်မည့် အချိန်၊ ၊ မွန်းလွဲ ၁၂း၃၀ မှ ၁း၃၀ အထိ ( ကွန်ပြူတာ သင်တန်း )
( ကိုယ်ပိုင် laptop များ သယ်ဆောင်လာပါက ပိုမို အဆင်ပြေပါသည် )

နေလည် ၁း၃၀ မှ ၃ နာရီ အထိ ( ကိုရီးယား စကားပြောသင်တန်း )

သင်တန်းပို့ချပေးမည့်ဆရာများ၊ ၊ ကွန်ပြူတာသင်တန်း ဆရာ ( ကိုစိုးသီဟ )

အကျိုးတော်ဆောင်အဖွဲ့
၀၃၂- ၅၁၁ ၂၈၄၁


No comments: