ကိုရီးယားနိုင်ငံသမတဟောင်း နိုမူးဟရွန်သည် ၂၃ရက် စနေနေ့ နံနက်တွင် သူ့ရဲ့အတွင်းရေးမှူးနှင့်အတူ တောင်တက်ခရီးသွားနေစဉ် ရုတ်တရက်လဲကျပြီး ဆေးရုံသို့ အသွား ကွယ်လွန်သွားကြောင်းသတင်း ရရှိပါတယ်။
ရဲများက သမတဟောင်းဤသို့သေဆုံးရခြင်းသည် သူ လက်ရှိရင်ဆိုင်နေရသော ငွေကြေးပြဿနာကြောင့် မိမိကိုယ်ကို အဆုံးစီရင်ခြင်းဟုတ်မဟုတ်၊ အမှန်တကယ် လဲကျသေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးနေကြောင်းသိရှိရပါတယ်။
ယနေ့တွင်သမတဟောင်း ဇနီးဖြစ်သူသည်လည်း ငွေကြေးပြဿနာကြောင့် ရဲဌာနတွင် အစစ်ဆေးခံရမည့်နေ့ လည်း ဖြစ်သည်။
1 comment:
သမတဟာ ကျောက်ဆောင်ပေါ်က ခုန်ချပြီး မိမိကိုယ် ကိုအဆုံးစီရင်သွားတာဖြစ်ကြောင်း အတူရှိတဲ့ အတွင်း ရေးမှူးက ပြောဆိုလိုက်ပြီး မိမိ မိသားစုအတွက် စာ တစောင်ရေးချန်ထားခဲ့ကြောင်း။လက်ရှိကိုရီးယား ပါတီများအားလုံး အထူးအစည်းအဝေးများ၊ကော်မတီ များဖွဲ့စည်းနေပြီး သမတအီမြောင်ဘာ့ဂ်ကလည်း ဒီ နေ့ခရီးစဉ်တွေကို ဖျက်သိမ်းလိုက်ပါတယ်။သမတနို အခုလို ကွယ်လွန်သွားပြီး ဖြစ်တဲ့အတွက်ကြောင့် ငွေ ကြေးပြဿနာအမှုကို ဆက်လက်စုံစမ်းရန် မဖြစ်နိုင် တာကြောင့် အမှုကို ရုတ်သိမ်းဖွယ်ရှိပါတယ်။
Post a Comment