Friday, January 22, 2010

Avatar ရုပ်ရှင်ကို 4D နဲ့ ကြည့်နိုင်


ဒါရိုက်တာ ဂျိမ်းကင်မရွန်းရဲ့ Avatar ရုပ်ရှင်ကားကြီးကို CGV ရုံတွေမှာ ဇန်န၀ါရီလ ၂၁ရက်နေ့မှ စလို့ 4D Press နဲ့ ကြည့်ရှုနိုင်ကြပါပြီ။ သိပ္ပံနည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ရုပ်ရှင်အဆင့်အတန်းဟာလည်း မြင့်တက် လာနေပါတယ်။

ယခင် ကြည့်နေကျ 2D မှသည် IMAX 3D ၊ ယခု 4D အထိ အဆင့်မြင့် ကြည့်ရှုခံစားလာနိုင်ကြပါပြီ။ IMAX 3D ရုပ်ရှင်ကတော့ ဖလင်အကောင်းစားများနဲ့ ရိုက်ကူးပြီး သာမန် စခရင် အကွေးပေါ်မှာ ပရော့ဂျက်တာ ၂ လုံးနဲ့ ပြသတာမျိုးပါ။ မြန်မာများရဲ့ ဆုံရပ်ဖြစ်တဲ့ ဘူဖြောင်းမှာလည်း ကြည့်လို့ရပါတယ်။ ယခု ထွက်ပေါ်လာတဲ့ 4D ရုပ်ရှင်ကတော့ အထက်အောက်၊ ဘယ်ညာ၊ ရှေ့နောက် လှုပ်ရှားနိုင်တဲ့ ထိုင်ခုံပေါ်မှာထိုင်ပြီး မျက်မှန်တပ်ပြီး ကြည့်ရတာမျိုးပါ။

အမြင့်တစ်နေရာကနေ ပြုတ်ကျလာတဲ့အခါမျိုးမှာ ထိုင်ခုံလှုပ်ရှားမှုလိုမျိုးလည်း ခံစားနိုင်ပါတယ်။ ရုပ်ရှင်ထဲက ရှုခင်းနဲ့ ရာသီဥတု အခြေအနေကို လိုက်လို့ လေပြင်း၊ လေပြေ ကို လိုက်ပါခံစားနိုင်သလို ရေစီးသံ၊ ပန်းရနံ့၊ မီးခိုးငွေ့ နဲ့ မိုးကြိုးပစ်တာမျိုးတွေကိုလည်း တထပ်တည်း လိုက်ပါခံစားနိုင်ပါတယ်။ ခြေထောက်ချထားတဲ့ ထိုင်ခုံအောက်ခြေနားမှာရှိတဲ့ ဒလက်ကလေးတွေက ရုပ်ရှင်ထဲက လှုပ်ရှားမှုတွေအတိုင်း လိုက်ပါလှုပ်ရှားပေးပြီး ရုပ်ရှင်ဇာတ်လမ်းကို အပြင် ကမ္ဘာလောကနဲ့ တသားတည်းဖြစ်အောင် ဖန်တီးထားတာပါ။ 4D နည်းပညာကို အမေရိကား နဲ့ ဂျပန် စတဲ့ နိုင်ငံတွေက ကစားကွင်းတွေမှာ ၁၅ မီးနစ်၊ မီးနစ် ၂၀ စာ အတိုလေးတွေကို ပြသနိုင်ခဲ့ပေမဲ့ ရုပ်ကားကားအပြည့်ကိုတော့ CGVက ပြသနိုင်တာဟာ ကမ္ဘာမှာ အစောဆုံးဖြစ်တယ်လို့ CGVက တာဝန်ရှိသူက ပြောပါတယ်။ စိတ်ပါဝင်စားတဲ့ ညီအကိုများ Avatar 4D ရုပ်ရှင်ကားကြီးကို ယောင်ဒုံဖို(영등포)၊ ဂန်ဗျောင်း(강변)၊ ယုံဆန်(용산)၊ စန်းငန်း၊မ်၊(상암) မှာ ရှိတဲ့ CGV ရုံများမှာ ကြည့်ရှုနိုင်ပါပြီ။ လက်မှတ်တစ်စောင်ကို ၀မ် ၁၈၀၀၀ ပါတဲ့ခင်ဗျာ။ ရုပ်ရှင်ဝါသနာအိုးတွေ ကြည့်ရှုနိုင်အောင် လက်တို့လိုက်ပါတယ်။

2 comments:

win latt said...

နှလုံးရောဂါရှိသူများ၊သွေးတိုးရောဂါရှိသူများ၊စိတ်လှုတ်ရှား လွယ်သူများ မကြည့်ရှုသင့်ကြောင်း သတိပေး ပါဦး။ ထိုင်ဝမ်နိုင်ငံသား တစ်ဦး ဤရုပ်ရှင်ကြည့်ပြီး ကွယ်လွန်သွားသည့်သတင်းကို
http://www.thanlwin.com/new/index.php?option=com_content&task=view&id=1699 မှာ ဖတ်ရှုလေ့လာနိုင်ပါသည်။

ဇေဇော် said...

အဲဒီ သေဆုံးတဲ့သူ ကြည့်တဲ့ ရုပ်ရှင်က 2D ပဲ ဖြစ်မလားပဲခင်ဗျာ့။ အခုက 4D ဆိုတော့ ပိုပြီး နီးစပ်တာပေါ့ဗျာ။ မိဝေး ဖဝေးမှာ လာအလုပ်လုပ်နေတဲ့သူတွေဆိုတော့ ကိုယ့်အန္တရာယ် ကိုယ်ကြည့်ရှောင်တတ်လိမ့်မယ်လို့တော့ ယူဆရတာပါပဲ။ ကျနော်ကတော့ ကိုယ်တိုင်မကြည့်ရဲလို့ သူများတွေကို မြှောက်ပေးနေတာပါ။ အခုလို သတိပေးတာ ကျေးဇူးကမ္ဘာ… … …။