ကိုရီးယား မီဒီယာတစ်ခုတွင် ကိုရီးယားဘာသာဖြင့် “ မြန်မာနာမည်ကြီးအဆိုတော် ၆ ယောက်နှင့် Lazy Club Band ကိုရီးယားတွင် ဖျော်ဖြေမည်”ဟူသော သတင်းခေါင်းစဉ်ဖြင့် ပါရှိသည့် သတင်း /မူရင်းသတင်းကို အောက်ဆုံးတွင် ဖော်ပြထားပါသည်/ တစ်ရပ် တွင် ၊ “ဘူချောန်းမြို့တော်ခမ်းမ (Bucheon City Hall) ၌ ၊ ၂၀၁၀ပြည့်နှစ် စက်တင်္ဘာလ ၂၁ ရက် မွန်းလွဲ ၂ နာရီတွင် ဖျော်ဖြေမည်” ဟု ဖော်ပြထားပြီး ၊ ဟန်းဂုရွာ ဘလော့တွင်မူ ပွဲတော်ကျင်းပမည့်နေရာမှာ Bucheon Citizen Hall ဟု ဖော်ပြပါရှိရာ သတင်း ၂ခုမှာ ကွဲလွဲနေကြောင်း မည်သည့် သတင်းက အမှန်ဖြစ်သည်ကို ရှင်းလင်းပေးပါရန် ဟန်းဂုရွာအနေဖြင့် ဂီတပွဲတော် ကျင်းပရေးကော်မတီသို့ မေးမြန်းခဲ့ရာ ၊ မြန်မာနာမည်ကြီး အဆိုတော်များ ဖျော်ဖြေမည်ဟူသော အချက်မှာ မှန်ကန်သော်လည်း ၊ ၄င်းသတင်းပါ ဂီတပွဲတော် ကျင်းပမည့်နေရာမှာ မှားယွင်းနေကြောင်း ၊ ဂီတပွဲတော် ကျင်းပမည့်နေရာမှာ ဘူချောန်းမြို့တော်ခမ်းမ (부천시청) မဟုတ်ဘဲ ၊ ဘူချောန်း ပြည်သူ့ခမ်းမ (부천시민회관) သာ ဖြစ်ကြောင်း ၊ ၄င်းနေရာ ၂ ခုသည် မတူကြကြောင်း ၊ မြန်မာအများအပြားလည်း မှားယွင်းနားလည်နေကြကြောင်း ၊ ပွဲတော်ကျင်းပမည့် ဘူချောန်းပြည်သူ့ခမ်းမ (부천시민회관) သည် ဆောအူးလ်-အင်ချောန်း ရထားလိုင်းပေါ်ရှိ ဂျွန့်ဒုံ (Jung Dong Station) ဘူတာအနီးတွင်ရှိကြောင်း ပွဲတော်ကျင်းပရေးကော်မတီက ပြောသည် ။
အဆိုပါ ဂီတပွဲတော် ကျင်းပမည့်နေရာ ဘူချောန်ပြည်သူ့ခမ်းမ (부천시민회관: Bucheon Citizen Hall) သို့ ၊ သွားရောက်ရန် အဆင်အပြေဆုံး လမ်းမှာ ဂျွန့်ဒုံဘူတာ (중동역) လမ်းဖြစ်ကြောင်း ၊ ဘူတာ မြောက်ဖက် (북광장) အပေါက်မှ ထွက်ပြီး မိုးပျံလမ်းမကြီးအတိုင်း ဂျွန့်ဒုံလမ်းဆုံ (중동사거리) ထိ ၃မိနစ်ခန့် လမ်းလျှောက် ၊ ၄င်းမီးပွိုင့်တွင် ညာကွေ့ လမ်းကူးပြီး ၅ မိနစ်ခန့် ဆက်လျှောက်ကာ ၊ လမ်းကူးလိုက်လျင် ဘူချောန်ပြည်သူ့ခမ်းမ (부천시민회관) သို့ ရောက်ရှိကြောင်း ၊ ပွဲတော်ကျင်းပမည့် အချိန်မှာ ၂၀၁၀ပြည့်နှစ် စက်တင်္ဘာလ ၂၁ ရက် မွန်းလွဲ ၂နာရီမှ ည ၈ နာရီအချိန်ထိဖြစ်ကြောင်း ၊ ဘူချောန်း ပြည်သူ့ခမ်းမတည်နေရာကို (ဤနေရာတွင်) ကြည့်ရှုနိုင်ကြောင်းနှင့် ၊ မရှင်းမလင်း သည်များ နှင့် ထပ်မံသိရှိလိုသည့် အချက်များရှိပါက 010-4626-7571, 011-9360-1792, 010-9086-2290, 010-2331-2457 တို့ထံ မေးမြန်းနိုင်ကြောင်း သိရသည် ။
အဆိုပါ အထူးဂီတပွဲတော်အတွက် Lazy Club Band မှ ကိုစိုးနိုင်ထွန်း (မန်နေဂျာ) နှင့်အတူ ၊ နိုင်ဇော် (လီဒ်) မျိုးဇော် (ကီးဘုတ်) ဂျင်ပိ (ဘေ့စ်) မရခိုင် (ဒရမ်)တို့ လာရောက် တီးခတ် ကြမည်ဖြစ်ကြောင်း သိရသည် ။
ကိုရီးယားသတင်းအညွှန်း-
미얀마의 유명한 가수 6 명과 Lazy Club Band 한국에서 공연한다
한국에서 Theravada 불교 보급확대를 목표로 필요한 기본금을 찾기위해서
미얀마의 유명한 가수 6 명과 Lazy Club Band 한국에가서 공연한다.
Lazy Club Band 와 같이 Khin Maung Toe, L- Lwin War, Hae Lay, Thazin, Chint Thu
Wai, Jennny 등 6 명의 유명한 가수들이 부천 시청에서 2010 년 9 월 21 일 오후 2
시에 공연 한다고 함.
Lazy Club Band 는 시작한지 15 년쯤 됐고 미얀마 전국에서 공연했었다.
해외로는 미국에 있는 10 개 도시와 영국, 일본, 싱가풀, 말레이시아,
태국 등 에서 공연을 했다.
Lazy Club 는 Pop & Rock 만 하는데 올해에는Hip Hop 가수들 과 같이 Hip Hop
Acoustic 라는 음악회를 양곤에서 공연했다. 그리고 유명한 여자 가수 7
명과 같이 7 Golden Girl 라는 음악회를 공연했다.
2006 에 처음으로 한국에 가서 공연을 해본적이 있고 이번이 두 번째 이다.
Friday, August 27, 2010
မြန်မာနာမည်ကြီးအဆိုတော်များ ဘူချောန်းမြို့တော်ခမ်းမတွင် ဖြေဖျော်မည့်သတင်း မှန်သော်လည်း မဟုတ်
Subscribe to:
Post Comments (Atom)
2 comments:
ဆရာဝိုင်းရေ မြို့နာမည်တွေကို ပုံသေထားပြီး ရေးရင် ကောင်းမယ် ထင်တယ်ဗျာ။ ဘူချောင်း လုပ်လိုက်၊ ဘူချောန်း လုပ်လိုက်နဲ့ အတော် မျက်စိနောက်တယ်။ ဆိုးလ်, ပူချွန်း, ဗူဖျောင်း ဆိုတဲ့ အရေးအသားတွေက အနယ်ကျ အသားကျနေပြီပဲ။ အများညီလို့ ဤကို ကျွဲဖတ်တာ အဆန်းမဟုတ်ပါဘူး။ ထွင်လွန်းတော့ ရှုပ်သဗျာ။
အဆင်မပြေမှုများအတွက် အထူးတောင်းပန်ပါသည်ခင်ဗျား ။
Post a Comment