ရွှေ့ပြောင်းအလုပ်သမားအသံလွှင့်ဌာနMWTVမှ စီစဉ်တဲ့ ၅ကြိမ်မြောက် ရွှေ့ပြောင်းအလုပ်သမားရုပ်ရှင်ပြပွဲ နဲ့ ဖွင့်ပွဲကို လာမည့် စက်တင်ဘာလ၄ရက်နှင့်၅ရက်နေ့များ၌ ဆိုးလ်မြို့ ဒဲဟာ့ရိုရှိ စီဂျီဗွီရုပ်ရှင်ရုံတွင် ၂ရက်ကြာ ပြသသွားမှာဖြစ်ပါတယ်။
အဲဒီနောက် ဒေသအလိုက်ရုပ်ရှင်ပြပွဲကို စက်တင်ဘာ၁၂ရက်မှ အောက်တိုဘာ ၁၇ရက်နေ့အထိ အပတ်စဉ်တနင်္ဂနွေနေ့တိုင်း မာဆောက်၊ ကင်ပို၊ ဖိုချွန်း၊ အန်ဆန်း၊ ဂိုရန်းမြို့များတွင်ပြသပြီး ဘူချွန်းမြို့တွင် ပိတ်ပွဲကို ပြုလုပ်ကျင်းပသွားမှာဖြစ်ပါတယ်။
ဒီတကြိမ် ရုပ်ရှင်ပြပွဲခေါင်းစီးနာမည်ကတော့ အရိပ်ဘ၀မှ လူသားအဖြစ်သို့ ဖြစ်ပါတယ်။
ရွှေ့ပြောင်းအလုပ်သမားတွေဟာ အရေအတွက်သက်သက်သာမဟုတ် ကိုရီးယားလူမှုအသိုက်အ၀န်းကို အတူတကွ ဖန်တီးနေကြတဲ့ မိတ်ဆွေများဖြစ်ကြပါတယ်ဆိုတဲ့ အဓိပ္ပါယ်ကိုဆောင်ပါတယ်။
ရုပ်ရှင်ပြပွဲမှာ ပြသသွားမယ့် ရုပ်ရှင်တွေကတော့ လူ့အခွင့်အရေးဖိနှိပ်ခံရမှုနဲ့ ရွှေ့ပြောင်းကလေးငယ်များပြသနာ၊ ရွှေ့ပြောင်းအမျိုးသမီးများကြုံတွေ့နေရတဲ့ အခက်အခဲများ စသဖြင့် အမျိုးစုံလင်လှပါတယ်။
ရွှေ့ပြောင်းသူများကိုယ်တိုင်ဖန်တီးတဲ့ရုပ်ရှင်ဖြစ်တာကြောင့် အရည်အသွေးပိုင်းဆိုင်ရာ ချို့ယွင်းနိုင်သော်လည်း မိမိတို့ဘ၀အခြေအနေကို ရိုးရှင်းစွာရိုက်ကူးဖော်ပြထားတဲ့ သူတို့ရဲ့ ခံစားမှုတွေကို ရုပ်ရှင်ပြပွဲမှာ အပြည့်အ၀ခံစားနိုင်မှာဖြစ်ပါတယ်။
ဆိုးလ်ဖွင့်ပွဲ ။ ၂၀၁၀ ၉လ ၄~၅ရက်
နေရာ ။ ဒဲဟာ့ရို CGVရုပ်ရှင်ရုံ ရုံ၅
(ရထားလိုင်း အမှတ်၎ ဟရဲ့ဟွာဘူတာ ထွက်ပေါက်၎)
Saturday, August 28, 2010
၅ကြိမ်မြောက် ရွှေ့ပြောင်းအလုပ်သမားရုပ်ရှင်ပြပွဲ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment