Saturday, February 19, 2011

မြန်မာမိတ်ဆွေအပေါင်းသို့ အသိပေးခြင်း

မြန်မာမိတ်ဆွေအပေါင်းတို့ရှင့်
ကျမ မပိုးပိုးလေးစားစွာ အသိပေးအပ်ပါသည်ရှင့်
အကြောင်းမှာ ကျမသည် ကျန်းမာရေးအခြေအနေအရလည်းကောင်း ၊ ကိုယ်ရေးကိုယ်တာ ကိစ္စများကြောင့်လည်းကောင်း ယနေ့မှစ၍ အန်ဆန်ရွှေ့ပြောင်းသူတို့အတွက် ဘာသာပြန်ဌာန (မြန်မာဘာသာ)(Migrant Help-call Center 1644-7111) မှ နှုတ်ထွက်ပြီးဖြစ်ရာ ၊ ၄င်းဆင်တာနှင့် ပတ်သက်သည့် ကိစ္စများကို ဆက်လက် ဆောင်ရွက်ပေးနိုင်ခြင်း မရှိတော့ပါကြောင်း လေးစားစွာအသိပေးအပ်ပါသည်ရှင့် ။
ကျမ ဆေးဝါးကုသမှု ခံယူခဲ့ရစဉ်က မိသားစုပမာ ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေးခဲ့ကြသည့် မိတ်ဆွေအပေါင်းတို့ကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း ထပ်လောင်းဖော်ပြအပ်ပါသည်ရှင့် ။
ထို့ပြင် ကျမသည် လမင်းအိမ်စားသောင်ဆိုင်လုပ်ငန်း (라민애인Myanmar Restaurant) မှလည်း နှုတ်ထွက်ပြီး ဖြစ်ပါသဖြင့် ၊ ဆိုင်လုပ်ငန်းတာဝန်ကိစ္စ အဝဝတွင်လည်း ဆက်လက်ပါဝင် ဆောင်ရွက်ခြင်းပြုနိုင်တော့မည် မဟုတ်ပါကြောင်းလည်း မိတ်သင်္ဂဟ အပေါင်းတို့အား ဟန်းဂုရွာမှတစ်ဆင့် လေးစားစွာအသိပေးအပ်ပါသည်ရှင့် ။

လေးစားမှုဖြင့် -
မပိုးပိုး
၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၉

No comments: