သစ်ခွပင် စိုက်ပျိုးထားလည်း
ချစ်ခြင်းမေတ္တာ ပေးမှ
ပန်းပွင့်တာပါ
စကားလည်း မဆို
အမူအရာလည်း မပြတဲ့ သစ်ခွပင်တောင်မှ
ချစ်ခြင်းမေတ္တာကို လိုအပ်တယ်ဆိုရင်
ချစ်ခြင်းမေတ္တာကို စားသုံးရှင်သန်နေတဲ့ ကျနော်တို့က
ချစ်ခြင်းမေတ္တာကို စွန့်ခွာလို့
ဘယ်အကြောင်းအရာကို ပြောရမှာပါလဲ
ချစ်ခြင်းမေတ္တာကို ရရှိကြီးပြင်းတဲ့ သစ်ခွပင်ဟာ
ပန်းပွင့်ပြီဆိုရင်
တစ်ခန်းလုံး အပြည့်
သင်းရနံ့တွေ မွှေးပျံ့စေပါတယ်
ကျနော့် စိတ်ထဲမှာ သူမရဲ့ အချစ်ရှိပြီး
သူမရဲ့ စိတ်ထဲမှာ ကျနော့် အချစ်ရှိတယ်ဆိုရင်
ကျနော်တို့ရဲ့ ချစ်ခြင်းမေတ္တာဟာလည်း
ပန်းတွေ ဖူးပွင့်လို့
ကျနော်တို့ ဘ၀တစ်ခုလုံး အပြည့်
ချစ်ခြင်းရဲ့ မွှေးရနံ့တွေနဲ့
သင်းပျံ့နေတော့မှာ ဖြစ်ပါတယ်
ယုံ့ဟယ်ဝေါန်
No comments:
Post a Comment