ရေးသားသူ — မြန်မာအသင်း(ကိုရီးယား)
မြန်မာအသင်း(ကိုရီးယား) က နှစ်စဉ် ကြီးမှူးကျင်းပသည့် ၁၁ ကြိမ်မြောက် မြန်မာ့ရိုးရာ မဟာသင်္ကြန် ပွဲတော်သို့ ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲကြပါရန် မြန်မာနိုင်ငံသား အပေါင်းအား လေးစားစွာ ကြိုဆို ဖိတ်ကြားအပ်ပါတယ်။
နေ့ရက် = ၂၀၁၁ ဧပြီလ ၁၇ တနင်္ဂနွေနေ့
နေရာ = ပြည်သူ့အားကစားကွင်း၊ ပူချွန်းမြို့
အချိန် = မွန်းတည့် ၁၂ နာရီမှ ညနေ ၅ နာရီ
မဟာသင်္ကြန်ပွဲတွင် ပူးပေါင်း ပါဝင်ကြမည့် ကိုရီးယား အခြေစိုက် မြန်မာအသင်းအဖွဲ့ မဏ္ဍပ်များနှင့် ဧည့်ခံကျွေးမွေးကြမည့် စတုဒီသာများ စာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
မဏ္ဍပ်များနှင့် အကျွေးအမွေး
၁။ မြန်မာအသင်း (ကိုရီးယား) - ဗဟို ရေကစားမဏ္ဍပ်
၂။ NLD - အမဲအူပြုတ်
၃။ BAK - မုန့်လုံးရေပေါ်
၎။ အောင်ဆန်း ဘောလုံးအသင်း လူငယ်များ - ပေါင်မုန့် ကြက်ဥကြော်
၅။ ကျောက်တန်း ညီအကိုများ - ကြာဇံချက်
၆။ အဖြူရောင်မေတ္တာ လူငယ်များ - ကော်ပြန့်ကြော်
၇။ အင်ချွန်းလူငယ်များ - ကြက်သားပလာတာ + ၀က်ခေါင်းသုပ်
၈။ ၂၀၁၁ စာပေကော်မတီ - ရွှေထမင်း
၉။ ဂွမ်ဂျူးလူမှုရေးအသင်း - ပဲကြီးလှော်သုပ် + မြေပဲကြော်သုပ်
၁၀။ မင်္ဂလာလူငယ်များ - သာကူ
၁၁။ ရခိုင်အမျိုးသားများ - ရခိုင်မုန့်တီ
၁၂။ ကင်ပိုလူငယ်များ - မန်ကျည်းဖျော်ရည်
၁၃။ အန်ဆန်းရှီဟွာလူငယ်များ - ဆိတ် + ပဲ + အီကြာကွေး
၁၄။ ဓမ္မဒူတ ဗုဒ္ဓဘာသာအသင်း (ကိုရီးယား) - ဆေးထမင်း
၁၅။ ဗုဒ္ဓသာသနာပြုကျောင်းတော် - မုန့်ကြာစေ့
၁၆။ IDIA ကမ္ဘာ့ဗုဒ္ဓသာသနာပြုအဖွဲ့ - သီးစုံဖျော်ရည်
၁၇။ မိုးကြိုးလူငယ်များ - ကြာဇံဟင်းခါး + ၀က်သားဒုတ်ထိုး
၁၈။ အမေ့အိမ်နှင့် သူငယ်ချင်းများ - ကြက်သားပလာတာ
၁၉။ ချိုချီဝမ်မှ အဖြူရောင်သူငယ်ချင်းများ - ကြာဇံကြော်
၂၀။ မွန်အမျိုးသားများ - သင်္ကြန်ထမင်း
၂၁။ ရွှေမြန်မာမိသားစုစတိုး - ကောက်ညှင်းပြန်ပေါင်း
၂၂။ ကိုရီးယားရောက်မြန်မာကျောင်းသား
၂၃။ အမြဲတမ်း မင်္ဂလာရှိသော လူငယ်များ - ၀က်သားဒုတ်ထိုး
၂၄။ သပြေ ကလေးသူငယ် ပညာရေး ထောက်ပံ့မှုအဖွဲ့ - စမူဆာကြော်
၂၅။ စကားဝါမိသားစု - ကြက်သားထောပတ်ထမင်း + ဆေးကုလားမ
(အဆိုပါ မဏ္ဍပ်များမှာ ပါဝင်ဆောင်ရွက်ကြမည့် ညီအကိုများအနေဖြင့် ပွဲတော် မကျင်းပမှီ မနက် ၁၀ နာရီခန့်တွင် လာရောက်ကြပြီး ကြိုတင်ပြင်ဆင်ကြပါရန်နှင့် လိုအပ်ချက်များရှိပါက တာဝန်ရှိသူများထံ ကြိုတင်အကြောင်းကြားပေးကြပါရန် နှိုးဆော်အပ်ပါသည်။)
ဆက်သွယ်ရမည့် ဖုန်းနံပါတ်များမှာ-
ဦးဝင်းမြင့်ဦး- ၀၁၁ ၂၉၂၉ ၅၄၂
ဦးခင်မောင်ရင်- ၀၁၁ ၉၃၈၆ ၇၁၅၃
ဦးသန့်ဇင်အောင်- ၀၁၀ ၉၀၅၄ ၄၇၂၇
ဦးဝင်းနိုင်ဦး - ၀၁၀ ၈၆၄၈ ၄၅၃၃
(ရေပက်ကစားမည် ဖြစ်ပါ၍ ၀တ်စုံအပို ယူဆောင်လာပါရန်)
*** စိုးစာဘူတာ ထွက်ပေါက် ၁ အနီးမှ အမှတ် ၉၅၊ ၆၀၊ ၉ ဘတ်စ်ကားများ *** သို့မဟုတ်
ပူချွန်းဘူတာမှ ဘတ်စ်ကား အမှတ် ၃ စီး၍ 부천 종합운동장 (ဘုချောန်းဂျုံဟပ်အွန်ဒုံဂျန်) တွင် ဆင်းပါ။
Saturday, April 16, 2011
၁၁ ကြိမ်မြောက် မြန်မာ့ရိုးရာ မဟာသင်္ကြန် ဖိတ်ကြားစာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment