မြန်မာ့အရေး စိတ်ပါဝင်စားသူ ကိုရီးယားများနှင့် ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ ညှိနှိုင်းချက်အရ လူထုအဖွဲ့အစည်းများနှင့် လူမှုရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင် ဆောင်ရွက်လျက်ရှိကြသည့် ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ အနေဖြင့် လူထုအခြပြု အဖွဲ့အစည်းများ အကြောင်း ဂဃနဏ နက်နက်ရှိုင်းရှိုင်း သိရှိနိုင်ကြစေရန် ၊ ကိုရီးယား လူထုအခြပြု အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး အပြည်ပြည်ဆိုင်ရာ လူထုအခြပြု အဖွဲ့အစည်းများနှင့် လက်တွဲကာ လူထု အခြေပြုလုပ်ငန်းများတွင် ဟန်ချက်ညီညီ ထက်မြက် ထိရောက်စွာ ဆောင်ရွက်နိုင်ကြစေရန် ၊ စသည့် ရည်ရွယ်ချက်များဖြင့် လူထုအခြေပြုအဖွဲ့ အစည်းဆိုင်ရာ သဘောတရားသင်တန်း နှင့် ဆွေးနွေးပွဲများကို အောက်ပါ အစီအစဉ်အတိုင်း ပြုလုပ်မည်ဖြစ်ကြောင်း သိရသည် -
သင်တန်းကာလ-
၂၀၁၁ ခုနှစ် ဧပြီလ ၂၄ ရက်မှ မေ ၂၉ ထိ (ရက်သတ္တပတ် ၆ ပတ်)
သင်တန်းနှင့် ဆွေးနွေးပွဲ အချိန် -
တနင်္ဂနွေနေ့တိုင်း ၊ နေ့လည် ၂ နာရီမှ ၅ နာရီထိ
(သင်တန်းချိန် ပြီးတိုင်း ပြန်လည် သုံးသပ် ဆွေးနွေးခြင်း အစီအစဉ်ရှိပါမည်)
သင်တန်းနေရာ -
ဆောင်းဂုံဟွဲတက္ကသိုလ်(Sung Kong Hoe University)
ဆွေးနွေးပို့ချမည့်ဘာသာရပ်များ-
- လူမှုအဖွဲ့အစည်း သဘောတရား
- စည်းရုံးရေးသဘောတရား
- လူထုအခြပြုအဖွဲ့အစည်းများ၏ သွင်ပြင်နှင့် လက္ခဏာများ
- လူ့ယဉ်ကျေးမှုသဘောတရား
- အသုံးချ လူထုမီဒီယာသဘောတရား
လက်တွေ့ကွင်းဆင်း လေ့လာရေးအစီအစဉ် -
- ကိုရီးယား လူထုအခြေပြုအဖွဲ့အစည်းများနှင့် မိတ်ဆွေဖွဲ့ခြင်း
- လက်တွေ့ကွင်းဆင်းလေ့လာရေးအစီအစဉ်များ
သင်တန်းဆရာများ-
- O Gwang Yeong (Head of Office of Solidarity for Civil Society)
- Jo Yu Je (Professor of SKHU)
- O Chang Ik (Head of Office of Solidarity for Human Rights)
- Choi Jong Deok (Head of Department for Education Program of Korean Civil Society Movement)
- Shin Yeong Bok (Professor of SKHU and the Most Famous Writer for Humanity)
- Dr. Han Su Gyeong (News for Public Solidarity)
(သင်တန်းဆရာ အချို့ အပြောင်းအလဲရှိနိုင်ပါသည်)
လက်ခံမည့် သင်တန်းသားများ-
ကိုရီးယားနိုင်ငံရောက် မြန်မာများ (သက်ဆိုင်ရာက ခွင့်ပြုထားသည့် သင်တန်းခမ်းမ အနေအထားအရ သင်တန်းသား အရေအတွက် ကန့်သတ်ထားကြောင်း ၊ သင်တန်းသားလောင်း အရေအတွက်များနေပါက လူထုအခြေပြု အသင်း အဖွဲ့များတွင် လက်တွေ့ ပါဝင်ဆောင်ရွက်နေသူများကို ဦးစားပေး ရွေးချယ်မည်ဖြစ်ကြောင်း သိရသည် ။)
အမည်စာရင်း ပေးသွင်းရန်-
- ၀၁၀-၅၈၄၈-၈၃၅၆ ဦးမြင့်ကျော် ထံ ဧပြီလ ၂၀ ရက် ၊ ညနေ ၄ နာရီ နောက်ဆုံးထား စာရင်းပေးသွင်းကြပါရန်
သင်တန်းကြေးကို သင်တန်းစီစဉ်သူများက ကျခံမည်ဖြစ်ကြောင်း ၊ လူမှုရေး အသိုက်အဝန်း နယ်နိမိတ် တိုးချဲ့လိုသူများနှင့် လူထုအခြပြု အဖွဲ့အစည်းများ အကြောင်း စိတ်ပါဝင်စားလိုသူများ အမှန်တကယ် တက်ရောက်သင့်သော သင်တန်းဖြစ်ကြောင်း သင်တန်းစီစဉ်သူများက ပြောသည် ။
Tuesday, April 19, 2011
လူထုအခြေပြု အဖွဲ့အစည်းဆိုင်ရာ သဘောတရားသင်တန်း နှင့် ဆွေးနွေးပွဲ ပြုလုပ်မည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment