Thursday, April 7, 2011

ကိုမိုးကောင်း(ခ)ကိုမြတ်ဝင်းဇော် ၏ ဈာပန ဖိတ်ကြားခြင်း

ရေးသားသူ — ဒေဂူးအသံ


ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်နှင့် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်နေ အဖ(ဦးထိုက်ကြီး)၊ အမိ ဒေါ်ခင်မြတို့၏ သားဖြစ်သူ ကိုမိုးကောင်း(ခ) ကိုမြတ်ဝင်းဇော် အသက်(၃၃)နှစ်သည် ၂၀၁၁ခုနှစ်၊ ဧပြီလ ၈ ရက်၊ သောကြာနေ့ ည ၇:၅၀ အချိန်၌ ကွယ်လွန်သွားပြီ ဖြစ်ပါသဖြင့် ကြွင်းကျန်သော ရုပ်ကလာပ်ကို ၂၀၁၁ခုနှစ်၊ ဧပြီလ ၁၀ ရက် တနင်္ဂနွေနေ့ နေ့လည် ၁:၀၀ နာရီ အချိန်၌ သဂြိုဟ်မည်ဖြစ်ပါသည်။ တနင်္ဂနွေနေ့ နေ့လည် ၁၀:၀၀ နာရီတွင် စိတ္တသုခဘုန်းတော်ကြီးကျောင်း၌ သပိတ်သွတ်တရားနာယူ၍ နေ့လည် ၁၂:၀၀ နာရီတွင် ထွက်ခွာမည်ဖြစ်ပါကြောင်း မိတ်ဆွေသူငယ်ချင်းများအားလုံး အသုဘရှုတရားနာယူနိုင်ရန် ဖိတ်ကြားအပ်ပါသည်။

နာရေးစရိတ်ကူညီလိုသော သူငယ်ချင်းများ အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါသည်။

(၁) ကိုမော်ကြီး (ဖုန်း- ၀၁၀ ၆၅၅၁ ၄၄၄၀)

(၂) ကိုရွှန်းဝင့်နွယ်(ဖုန်း-၀၁၀ ၅၁၃၂ ၅၂၉၉)

(၃) ကိုဇေယျာတင့် (ဖုန်း-၀၁၀ ၉၈၃၈ ၁၉၈၆)

ဘဏ်အကောင့်..... 07 91 0004685

DAEGU BANK

MAUNG KYAW KYAW MIN

2 comments:

winlatt said...

ဓါတ်ပုံနှင့်တကွနာရေးဖိတ်ကြားခြင်း တင်ထားပါသည်။
မျှဝေပေးသည့်အတွက် ကျေးဇူးတင်ပါသည်။
http://winnlatt.blogspot.com
http://www.vodaegu.blogspot.com
http://www.cittasukhamm-kr.blogspot.com/

ဇေဇော် said...

အကို ကိုဝင်းလတ်ခင်ဗျား…
ကျနော်တို့ အားလုံး တစ်ဦးနဲ့တစ်ဦး အထူးတလည် ကျေးဇူးတင်စကား ပြောနေဖို့ မလိုပါ။ ကျနော် မတင်ဖြစ်ရင်လည်း သူကြီးနဲ့ အကိုကြီး ကိုဝိုင်းတို့က တင်ပေးကြမှာပါ။ ကျနော်တို့ အချင်းချင်း အပြန်အလှန် နားလည်မှုရှိရှိနဲ့ ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေအရေးမှသည် မြန်မာနိုင်ငံသားအားလုံးနဲ့ ကျနော်တို့ ချစ်တဲ့ အမိမြန်မာနိုင်ငံအတွက် အားလုံး ကျရာနေရာကနေ နိုင်တဲ့ တာဝန် ထမ်းနေကြတာပဲ မဟုတ်လား အကို။ သူကြီးနဲ့ အကိုကြီး ကိုဝိုင်း၊ ကိုလူချစ်တို့ရဲ့ ဦးဆောင်မှုနဲ့ ကျနော်တို့ ဟန်းဂုရွာဝိုင်းတော်သားတွေလည်း ဒေဂူး၊ ပူဆန်က နောင်တော်များနဲ့ တသားတည်း ရှိနေပါတယ်။