ရေးသားသူ — ဇော်မိုးအောင်
အင်ချောန်း စာရေးဆရာများအဖွဲ့က ဦးစီး၍ အင်ချောန်းမြို့တော်အတွှင်း နေထိုင်ကြသော ရွှေ့ပြောင်း နေထိုင်သူများ၊ ရွှေ့ပြောင်းအလုပ်သမားများ၊ ပညာတော်သင်များ ၊ အင်ချောန်းစာရေးဆရာများ ပူးပေါင်းပြီး အင်ချောန်းဘူတာအနီးရှိ Incheon Art Platform ခန်းမဆောင်ကြီးတွင် အာရှ စာပေရဲ့ည ခေါင်းစဉ်ဖြင့် ဧပြီလ ၂၉ ရက် သောကြာနေ့ ည ၇ နာရီအချိန် မှ ၈ နာရီ ၃၀ မီနစ်အချိန်အထိ စာဖတ်ပွဲ ကျင်းပမည်ဖြစ်ကြောင်း နှင့် အဆိုပါ ရွတ်ဖတ် သီဆိုပွဲသို့ တက်ရောက်အားပေးကြပါရန် ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသား စာပေဝါသနာရှင်များအား ဖိတ်ကြားထားကြောင်း နှင့် ပွဲတော်သို့ စိတ်ဝင်စားသူ မည်သူမဆို တက်နိုင်ကြောင်း သိရသည်။
လမ်းညွှန် -
အင်ချောန်းဘူတာမှ ဂျူ(န်)ဘုဂယောင်းချာလ်း /중부경찰서/ (ဗဟို ရဲစခန်း) ဘက်သို့ ၅ မီနစ်ခန့် လမ်းလျှောက်လာပါက Incheon Art Platform အဆောက်အအုံကို တွေ့ရပါမည်။
http://aala.ifac.or.kr/2nd/ သို့ ၀င်ရောက်ပြီး အသေးစိတ်အစီအစဉ်များကို ကြည့်ရှုနိုင်ပြီး အခက်အခဲရှိပါက ၀၁၀ ၈၈၉၄ ၄၇၇၀ သို့ ဆက်သွယ်နိုင်သည်ဟု ဆိုပါသည် ။
Wednesday, April 20, 2011
အာရှစာပေည ကဗျာ စာပေ ရွတ်ဖတ် သီဆိုပွဲ ကျင်းပမည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment