Friday, May 20, 2011

ဒေဂူး စာပေဆွေးနွေးဝိုင်း မေ ၂၉ မှာ ပြုလုပ်မယ်

၂၀၁၁ ကိုရီးယား “စာပေဟောပြောပွဲ” ခရီးစဉ်၏ အစီအစဉ်တခု ဖြစ်သည့် ကိုရီးယား အောက်ပိုင်းဒေသမှ မြန်မာမိတ်ဆွေများနှင့် တွေ့ဆုံမည့်
“ဒေဂူး စာပေဆွေးနွေးဝိုင်း”ကို
အောက်ပါအတိုင်း ပြုလုပ်မည် ဖြစ်ပါ၍ မြန်မာ ညီအကို မောင်နှမများ
ကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

ဦးဆောင် ဟောပြော ဆွေးနွေးမည့် ပုဂ္ဂိုလ်များ = ဆရာ ဖေမြင့်, ဆရာ အော်ပီကျယ်

နေ့ရက် = ၂၀၁၁ မေလ ၂၉ (တနင်္ဂနွေနေ့)
အချိန် = မွန်းလွဲ ၂ နာရီမှ ၅ နာရီ
နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း

(ဆရာများ ၂၈ ရက် ညနေတွင် ဒေဂူးသို့ ရောက်မည် ဖြစ်ပြီး၊ ၂၉ ညနေတွင် ပြန်လည် ထွက်ခွာပါမည်။)

စာပေပွဲကျင်းပရေးကော်မတီ နှင့်
စိတ္တသုခကျောင်း အကျိုးဆောင်အဖွဲ့

No comments: