Saturday, August 6, 2011

ရှစ်လေးလုံး ၂၃ နှစ်မြောက် ဖိတ်ကြားလွှာ

ရေးသားသူ — အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ကိုရီးယား)

တပါတီအာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပြန်လည် ထွန်းကားသော နိုင်ငံတနိုင်ငံ ဖြစ်ပေါ်လာရေးအတွက် လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် တခဲနက် ဆန္ဒထုတ်ဖော်ပြခဲ့ကြသည့် တိုင်းရင်းသား ပြည်သူလူထု တရပ်လုံး၏ ၁၉၈၈ ခုနှစ် “၈၈၈၈” လူထုအရေးတော်ပုံကြီးသည် (၂၃)နှစ် ပြည့်မြောက်တော့မည် ဖြစ်သည်။ သမိုင်းဝင် ပြည်သူ့အရေးတော်ပုံကြီးသည် (၂၃)နှစ် ကြာညောင်းခဲ့ပြီ ဖြစ်သော်လည်း ကျွန်ုပ်တို့ အမိနိုင်ငံတော်ကြီးတွင် အုပ်ချုပ်သူ အာဏာရှင် အဆက်ဆက်၏ တရားမဲ့ဖိနှိပ် ရက်စက်မှုကြောင့် ဒဏ်ရာအနာဗလပွဖြင့် အသက်ငင်နေတဲ့အဖြစ်သို့ ဆိုက်ရောက်နေပါသည်။

အရပ်သားအမည်ခံ အစိုးရတဖြစ်လဲ အာဏာရှင်ကြံ့ဖွံ့အစိုးရ၏ ပြည်သူများကို လိမ်းကျံပေးနေသာ အနာကျက်ဆေးသည် အပေါ်ယံ အရည်ကြည်တင်းရုံမျှသာ ဖြစ်နေသောကြောင့် ပြည်သူလူထုတရပ်လုံး၏ ခံစားနေမှုများသည် ပေါက်ကွဲထွက်တော့မည်ကဲ့သို့ တာစူလျက် ရှိနေပါသည်။

၈၈၈၈ အရေးတော်ပုံကာလအတွင်း ကျဆုံးသွားသော သူရဲကောင်းတို့၏ ကြွေးကြော်သံများနှင့်ထပ်တူ …

တိုင်းရင်းသားပြည်သူလူထု၏ ကျပ်တည်း ခံစားနေမှုများနှင့်ထပ်တူ …

အနာဂတ်တွင် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးများ ပြည့်စုံသောနို င်ငံတော်ကြီး ပေါ်ထွန်းရေး ဆန္ဒတို့နှင့်အတူ ...

ကိုရီးယားနိုင်ငံရောက် အဖွဲ့အစည်း အသီးသီးနှင့်အတူ မျိုးချစ်ပြည်သူများ၊ မြန်မာ့အရေး ထောက်ခံသူများ စုပေါင်းပြီး၊ (၂၃)နှစ်မြောက် “၈” လေးလုံး နှစ်ပတ်လည် အခမ်းအနား အထိမ်းအမှတ်အဖြစ် သတင်းစာ ရှင်းလင်းပွဲနှင့် ဆန္ဒပြပွဲကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်သွားမည် ဖြစ်သောကြောင့် မည်သူမဆို ပူးပေါင်းနိုင်ကြောင်း လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

ကျင်းပမည့်နေ့ရက်။ ။ ၂၀၁၁ ခုနှစ်၊ သြဂတ်စ်လ (၀၇)ရက် - တနင်္ဂနွေနေ့ ။

ကျင်းပမည့်အချိန် ။ ။ မွန်းတည့် (၁၂း၀၀) နာရီမှ နေ့လည် (၀၁း၃၀) နာရီအထိ။

ကျင်းပမည့်နေရာ ။ ။ ဆိုးလ်မြို့၊ ဟန်နမ်အရပ်ရှိ ကြံ့ဖွံ့အခွန်ရုံးရှေ့။

No comments: