Monday, September 26, 2011

အလှူတော် မင်္ဂလာ ဖိတ်ကြားလွှာ

တူညီသော စိတ်ထား … တူညီသော အသိတရား.. တူညီသော ကိုယ်ကျင့်တရား ... တူညီသော ယုံကြည်မှုတို့ဖြင့် ကျွန်တော်တို့ သူငယ်ချင်းတစ်စုက ပြည်တော်ဦး ဆရာတော်အား အမှူးထား၍ သံဃာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်း ကပ်လှူပြီး၊ ရေစက်သွန်းချ တရားတော်နာကြားကြမည် ဖြစ်ပါသဖြင့် တရားတော်နာ ကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြား အပ်ပါသည်...။

အလှူနေရာ … 부산 불교 신도 희관
အလှူနေ့ရက် ... ၂၀၁၁ အောက်တိုဘာ ၂ ရက်နေ့၊ တနင်္ဂနွေနေ့
အလှူအချိန် ... နံနက် ၁၁ နာရီမှ စ၍ ဒံပေါက်ဖြင့် ဧည့်ခံကျွေးမွေးပြီး နေ့လယ် ၁ နာရီတွင် တရားတော် နာကြားပါမည်။

လမ်းညွှန် ... ဘူဆန်း မြေအောက်ရထား ၁ လိုင်းစီးပါ။ 시청역 တွင်ဆင်းပြီး ဂိတ်ပေါက် ၇ မှ ထွက်ပါ။ လူကူးတံတားအနီးတွင် ခန်းမ ရှိပါသည်။  

ခင်မင်ရင်းနှီးစွာဖြင့်  
ကိုကျော်မင်းစိုး၊ ကိုနေလင်းစိုး၊ ကိုဝင်းမြင့်၊ ကိုကျော်ဆန်းလှိုင်၊ ကိုမြင့်သူ

No comments: