Wednesday, October 26, 2011

ပခုက္ကူ ရေဘေးအတွက် လှူဒါန်း ကူညီနိုင်ရန်

ရေးသားသူ — Lotus Foundation

ကိုရီးယားရောက် မိတ်ဆွေသင်္ဂဟ အပေါင်းတို့…


တိုက်တွန်းနှိုးဆော်ခြင်း

မြန်မာပြည်တွင် ပခုက္ကူမြို့ခံပြည်သူများ ယခုခံစားနေရသော ရေဘေးဒုက္ခကို အားလုံးသိရှိပြီး ဖြစ်ပါလိမ့်မည်။ အဆိုပါ ပြည်သူများအတွက် လူမှုရေးအဖွဲများနှင့် စေတနာရှိသူ တစ်ဦးချင်းစီမှ ကူညီမှုများ စတင်လုပ်ဆောင်နေကြပါသည်။ မြန်မာပြည်နှင့် နိင်ငံတကာရှိ လူမှုရေးအဖွဲ့အစည်းများမှလည်း အ၀တ်အစားများ စုဆောင်းခြင်းနှင့် အလှူခံခြင်း လုပ်ငန်းများကို စတင်နေပါပြီ။

ကိုရီးယားရောက် ကျွန်တော်တို့ မြန်မာလူမျိုးများ အနေနှင့်လည်း ယခုမြန်မာပြည်တွင် ကြုံတွေ့နေရသော ရေဘေးဒုက္ခသည်များအတွက် တတ်နိုင်သည့်ဘက်မှ ပါဝင်ကူညီသင့်သည်ဟု ယူဆမိပါသောကြောင့် နိဗ္ဗာန်အကျိုးမျှော်ကာ တိုက်တွန်းနှိုးဆော်လိုက်ရပါသည် ခင်ဗျာ။ ထိှု့အပြင် ယခုပြုရမည့် ဒါနသည် အချိန်အခါနှင့် ကိုက်ညီသော အလှူခံပုဂ္ဂိုလ်မှ လိုအပ်သောအချိန်တွင် လှူဒါန်းသမှုပြုရသော ဒါနမည်သောကြောင့် မြတ်သောကာလဒါန မည်ပါသည်။

အင်မတန်မှ သေးငယ်သော ကူညီထောက်ပံ့မှုသည်ပင် အလှူခံပုဂ္ဂိုလ်များအတွက် ကြီးစွာအကျိုးထူးသောကြောင့် မိမိတို့ မြန်မာပြည်သူများအရေးတွင် လက်မနှေးဘဲ ကူညီကြလိုစေကြောင်း ထပ်လောင်းနှိုးဆော်အပ်ပါသည်။

လှူဒါန်းမည့် အစီအစဉ်

ကျွန်တော်တို့ (The Lotus Foundation) မှတဆင့် လှူဒါန်းလိုသူများအနေဖြင့် သိရှိစေရန် လှူဒါန်းမည့် အစီအစဉ်ကို ဖော်ပြလိုက်ပါသည်။ မြန်မာပြည် Lotus အဖွဲ့အနေဖြင့် အလှူခံကောက်ခံခြင်းနှင့် လိုအပ်သော အသုံးဆောင် ပစ္စည်းများ စုဆောင်းခြင်းတို့ကို လွန်ခဲ့သော ၄ ရက်ခန့်က စတင်လုပ်ဆောင်ခဲ့ပြီး ၂၆ ရက်နေ့တွင် ပထမအသုတ်အနေဖြင့် သွားရောက်လှူဒါန်းပါမည်။ ဒေသခံ အဖွဲဝင် ဒေါ်မူယာနွယ် မှတဆင့် လိုအပ်သောေ နရာများသို့ တိုက်ရိုက်ပေးပို့ လှူဒါန်းသွားပါမည်။ စင်ကာပူ Lotus နှင့် အခြားနိုင်ငံ မှ Lotus အဖွဲ့ဝင်များမှလည်း မြန်မာပြည်ရှိ ဦးဆောင် ဆရာတော် ဦဥဂ္ဂ နှင့် အသင်းဝင်များထံသို့ တိုက်ရိုက်ပေးပို့ လှူဒါန်းကြပါမည်။ မိမိတို့ ကိုရီးယားအဖွဲ့မှလည်း လက်ခံရရှိသောအလှူငွေများကို မြန်မာပြည်အဖွဲ့သို့ တိုက်ရိုက်ပေးပို့လှူဒါန်းပေးသွားပါမည်။

လှူဒါန်းမှုတို့နှင့် ပက်သက်သော ရရှိသမျှသော အလှူငွေစာရင်းကို ယခုစာမျက်နှာနှင့် အလှူရှင်များ၏ အီးမေလ်းနှင့် Lotus ၀ဘ်ဆိုဒ်တို့တွင် အတိအလင်း ဖော်ပြပေးသွားပါမည်။

မည်သို့ ဆက်သွယ်လှူဒါန်းနိုင်ခြင်း

ရေးဘေးအကူညီတွက် အလှူငွေများကို အဆင်ပြေလွယ်ကူစွာ လှူဒါန်းနိုင်စေရန် အသင်း၏ ဘဏ်အကောင့်နှင့် google document ဖိုင်ကိုဖော်ပြပေးလိုက်ပါသည်။ဖိုင်တွင် လှူဒါန်းငွေ ပမာဏကို ဖြည့်သွင်း၍ ဘဏ်အတွင်းသို့ တိုက်ရိုက်ပေးပို့ လှူဒါန်းနိုင်ပါသည်။

အလှူငွေ လှူဒါန်းလိုပါက အမည်- SUVANNA
ဘဏ် အမည်- 신한은행
ဘဏ် အကောင့် _110-330-198638 သို့ ထည့်သွင်းနိုင်ပါတယ်ခင်ဗျာ။
google document ဖိုင်မှာ အောက်ပါလင့်မှတဆင့် ၀င်ရောက် ဖြည့်စွက်နိုင်ပါသည်။
https://docs.google.com/spreadsheet/ccc?key=0Ahw983hvc4lSdHI2TW4zOEpEbURsT3FWZTJMRlZ6ZGc&hl=en_US&pli=1#gid=0

စုံစမ်းမေးမြန်းနိုင်ရန်

Lotus Foundation (Myanmar)
ဒေါ်မူယာနွယ်: 0947207968 (ပခုက္ကူ)

(အ၀တ်စားနှင့် အခြားအသုံးဆောင်များပါ .. ဆက်သွယ်လှူဒါန်းနိုင်သောနေရာများ)

ဦးဥဂ္ဂပဏ္ဍိတ - ဓမ္မရက္ခိတကျောင်း၊ ဘင်္ဂလားတိုက်၊ ဗဟန်း 01-557 578 (uggapandita@gmail.com)ကိုကျော်လင်း - 095030889 (k...yawlin.enics@gmail.com)
ကိုဇင်မင်းမော် - 0943165650(zmm.orange@gmail.com)
ကိုစည်သူ - 095087687
မယမင်းသိန်း - 0973041238 (yaminthein01@gmail.com)
မမီမီပြုံး - 0949219787 (mimipyonedecember@gmail.com)
Lotus Foundation (Korea)

ဆက်သွယ်စုံစမ်းနိုင်မည့် ဖုန်းနံပါတ်များ..

၁) ဦးသုဝဏ္ဏ -၀၁၀-၅၁၈၄-၃၅၇၈
၂) ဒေါက်တာမျိုးဦး - ၀၁၀- ၉၅၉၀-၁၄၆၈
၃) ဦးရဲမင်းဟိန်း - ၀၁၀-၂၈၅၇၇၂၁၁
၎) ဦးကောင်းထက်ဇော် - ၀၁၀- ၄၆၉၅၂၃၀၀
၅) ဒေါ်သဲသဲဝိုင်းချစ် ၀၁၀- ၄၂၂၅-၁၂၈၉
၆) ဒေါ်မေသူထွန်း ၀၁၀- ၃၃၆၉-၂၂၉၃
၇) ဒေါ်နန်းမြဆုအောင် ၀၁၀- ၆၆၀၂-၂၈၆၄
၈) ဒေါ်နန်းအေးမြချယ် ၀၁၀- ၇၂၀၈-၇၅၅၆

ညီညာသောလက်များဖြင့် လောကကောင်းကျိုး သယ်ပိုးဆောင်ရွက်နိုင်ကြပါစေ …
The Lotus Foundation (Korea)
http://www.lotusfoundationmm.org
http://www.lotusdhamma.com ( တရားပွဲ တိုက်ရိုက်ထုတ်လွှင့်မှု)http://www.lotusfoundation.ning.com ( Social Network)

No comments: