Sunday, January 1, 2012

မွေးနေ့ အလှူတော်မင်္ဂလာဖိတ်ကြားခြင်း

အနန္တငါပါး အမြတ်ဆုံးထားကာ မိဘကျေးဇူးကို သိ၍ဆပ်သည့်အနေဖြင့် ဂယောင်ဂီပြည်နယ်၊

နာမြန်းဂျူမြို့၊ ဗုအိန်ဆာ (경기도, 남양주시, 봉인사)ကိုရီးယားဘုန်းကြီးကျောင်း၌ မဟာစည်

ဝိပဿနာနည်းဖြင့် တရားဟောပြော ပြသရင်း ဗုဒ္ဓ ဓမ္မ သံဃ လောကအသင်းကြီး (Lotus Foundation)

ကိုရီးယား၏ နာယကဆရာတော်အဖြစ်ဖြင့် ဦးဆောင်လျှက် မြန်မာနိုင်ငံရှိ လိုအပ်နေသော နေရာဌာနများသို့

တတ်စွမ်းသမျှ အဓိကအားဖြင့် ပညာရေးအထောက်အပံ့ပေးမှုနှင့် ပရဟိတ လုပ်ငန်းများကို လုပ်ဆောင်ပေး

နေသော ဆရာတော် ဦးသုဝဏ္ဏ (ကောလင်း)၏ (၄၂)နှစ်မြောက် မွေးနေ့ အလှူတော်မင်္ဂလာကို ကျင်းပ

ပြုလုပ်ပါမည် ။ဆရာတော်သံဃာတော်များကို အရုဏ်ဆွမ်း နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းကာ ကြွရောက်

လာသော ဧည့်ပရိသတ်တို့အား ရွှေညီအကိုများအား အိမ်အလွမ်းပြေ ရိုးရာမြန်မာထမင်းဟင်းဖြင့် ဧည့်ခံကျွေးမွေးမည်ဖြစ်ပါ၍ ကြွရောက်သုံးဆောင်ကြပါရန် ဖြူစင်သော နှလုံးသား ရွှင်သောအပြုံး

နွေးထွေးသောကမ်းလှမ်းမှုဖြင့် ဖိတ်ကြားအပ်ပါသည် ။

အစီစဉ်-

နေရာ - မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် ၊ဘူဖြောင်း ၊အင်းချွန်း ၊

နေ့ရက် - ၂၀၁၂ ခုနှစ် ၁ လ ပိုင်း ၈ ရက်နေ့ ၊

နံနက်စာ - မုန့်ဟင်းခါးဖြင့်လှူဒါန်းဧည့်ခံပြီး

နေ့လယ်စာ - မြန်မာထမင်းဟင်းတို့ဖြင့်လှူဒါန်းဧည့်ခံကျွေးမွေးပါမည်၊

တရားတော်နာ - နံနက် ၉ နာရီအခန့် အနုမောဒနာတရားတော်များချီးမြှင့်မည်ဖြစ်ပါသည်။

No comments: