Wednesday, April 18, 2012

မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား) နှစ်ဆန်းတစ်ရက် ကုသိုလ်မင်္ဂလာ ဆုတောင်းလွှာ

ယနေ့သည် ရွှေမြန်မာတို့၏ ၁၃၇၄ ခုနှစ် နှစ်ဆန်းတစ်ရက်နေ့ဖြစ်ပါသည်၊ နှစ်သစ်မင်္ဂလာ အချိန်အခါဝယ် မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်ကြီး၌ ခေတ္တလာရောက်တည်းခိုနေကြသော ရွှေမြန်မာများစုပေါင်း၍ နံနက်ပိုင်း ဘုရားဝတ်တက် ဥပုသ်သီလယူ ဓမ္မစင်္ကြာရွတ် စုပေါင်းတရားထိုင်ခြင်း ၊ ညပိုင်း၌ ဘုရားဝတ်တက် သီလယူ ပဋ္ဌာန်းရွတ် စုပေါင်းတရားထိုင်ခြင်း ၊ကုသိုလ်များနှင့်အတူ အထူးအားဖြင့် မြန်မာ့ရိုးရာ နှစ်ဆန်းတစ်ရက် သက်ကြီးပူဇော်ပွဲ အန္တရာယ်ကင်း ပရိတ်ရွတ်ပွဲ ဆင်နွဲပုံကို အာရုံပြုကာ ကျောင်းတော်ကြီး၌ ခင်ပွန်းကြီးဆယ်ပါး ကန်တော့ခြင်း ၊ မေတ္တာသုတ်စုပေါင်းရွတ်ဖတ်ခြင်း ၊ပြုလုပ်ဆောင်ရွက်ကြပြီး ကျောင်းတော်ကြီး၏ ပစ္စည်းလေးပါး ကုသိုလ်ရှင်များ ကိုရီးယားနိုင်ငံရှိ ရွှေမြန်မာ ညီအကိုအပေါင်းတို့နှင့် ပြည်သူပြည်သားအားလုံး ဘေးရန်ကင်းကွာ ကောင်းကျိုးချမ်းသာ ဖြစ်ပါစေကြောင်း မေတ္တာရေသွန်းလောင်း၍ ဆုတောင်းပတ္ထနာပြုခဲ့ကြပါသည် ။
ဆက်လက်၍ ယခုလာမည့် ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် မြတ်ဗုဒ္ဓပွင့်တော်မူခြင်း
နှစ် - ၂၆၀၀ ပြည့် အထိမ်းအမှတ် ပွဲတော်ကို ဆင်နွဲကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျှက် ရှိပါကြောင်း ရွှေမြန်မာအပေါင်းတို့အား
ပါဝင်ဆင်နွဲနိုင်ရန် သတင်းကောင်းပါးအပ်ပါသည် သူတော်ကောင်းတို့…..
လောကဆိုတာ အမှောင် ၊ ဘုရားဆိုတာ အလင်း ၊
အလင်းဘုရား ပျောက်ကွယ်ငြားက ၊လောကမှောင်ဖုံး ၊ လူဖြစ်ရှုံးမည် ၊
အားလုံးသတိရှိပါစေ……

No comments: