Sunday, April 22, 2012

ဆရာအောင်ကိုလတ်နှင့် KBJ တပည့်များ၏ ကြည်နူးဖွယ်အလှူ



မင်္ဂလာရှိသော ( ၂၂ .၄.၂၀၁၂ ) ယနေ့တွင် မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)၌ ဆရာ အောင်ကိုလတ်နှင့် KBJ တပည့်များ၏ အရုဏ်ဆွမ်း နေ့ဆွမ်းအလှူ ကျောင်းဝေယျာဝစ္စအလှူ ကျောင်းမြေနေရာအလှူ ကုသိုလ်ပွဲကြီးသည် ဆရာတပည့် ကျေးဇူးသိ ထူးဘိလွန်ကဲ ချမ်းသာမြဲ ဟူသော ဒေသနာအရ ဘဝတစ်သက် မမေ့ရက်နိုင်သော အလှူပွဲကြီးဖြစ်ပါသည် ။

ကိုရီးယားနိုင်ငံသို့ ခေတ္တလာလည်ခိုက် ရွေးချယ်စရာ တခြားနည်းလမ်းများရှိသော်လေည်း တရားပွဲနှင့် ကုသိုလ်ပွဲကျင်းပ၍ ကိုရီးယားနိုင်ငံရောက် တပည့်များနှင့် တန်ဖိုးရှိစွာ တွေ့ဆုံနိုင်အောင် စီစဉ်ဆောင်ရွက်ခဲ့သော ဆရာ၏ အတွေးများသည် မြင့်မြတ်တဲ့သူမှာ မြင့်မြတ်တဲ့အတွေးခေါ်ရှိတယ် ၊ ကြီးကျယ်တဲ့ သူမှာ ကြီးကျယ်တဲ့အတွေးခေါ်ရှိတယ် ဟူသော သရုပ်ကို ဖော်ထုတ်သွားခြင်းဖြစ်၍ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်အနေဖြင့် ထာဝရ မှတ်တမ်းတင် ဂုဏ်ယူပါသည် ။

တပည့်အများ ကျော်ကြားမှုဂုဏ် ပြည့်စုံဟန်ကျ မှန်သမျှမှာ ဆရာသခင် ကျေးဇူးရှင်၏ သတ္တိဂုဏ်လွင် ထိုစွမ်းအင်နှင့် အစဉ်မပြတ် ဆက်စပ်နေ၏ ၊ ထိုကြောင့်ပင်လျှင် ဆရာရှင်ကို ကြည်ညိုလေးစား နှလုံးသား၌ သိမ်းထားမပြတ် ပူဇော်အပ်၏ ။ ။

No comments: