>၁၃၇၄ ခု တန်ခူးလ္ဆုပ် ၁၁ ရက် အင်္ဂါနေ့သည် ရွှေမြန်မာတို့၏ မင်္ဂလာရှိသော နှစ်ဆန်း (၁)ရက်နေ့ဖြစ်ပါသည်။မင်္ဂလာရှိသော နှစ်သစ်ကို ကြိုဆိုသောအားဖြင့် မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်ကြီး၌ ၂၀၁၂ - ၄ -၁၄ စနေနေ့တွင် မိုးကြိုးလူငယ်ဘောလုံးအသင်းမှ အရုဏ်ဆွမ်းနေ့ဆွမ်း ဝေယျာဝစ္စအလှူ ကျောင်းမြေအလှူ ကုသိုလ် ၊ ၂၀၁၂ -၄ -၁၅ တနင်္ဂနွေနေ့တွင် ခရမ်းရွှေညီအကိုများအဖွဲ့မှ အရုဏ်ဆွမ်း နေ့ဆွမ်း ဝေယျာဝစ္စအလှူ ကျောင်းမြေအလှူ ကုသိုလ်တို့ကိုပြုလုပ်ကြ၍ နှစ်သစ်မင်္ဂလာ ပျော်ရွှင်ပါစေကြောင်း ဆုတောင်းပတ္ထနာပြုခဲ့ကြပါသည် ၊ အထူးအားဖြင့် ရွှေမြန်မာများစုပေါင်း၍ ဗုဒ္ဓရုပ်ပွားတော်မြတ်အား နံ့သာရေ သွန်းလောင်းခြင်း ၊ဂုဏ်တော်ပွားခြင်း ၊ ပဋ္ဌာန်းရွတ်ခြင်း ၊ တရားထိုင်ခြင်း ၊ အနေကဇာတင်ခြင်း ၊ ဓမ္မစင်္ကြာရွတ်ဖတ်ပူဇော်ခြင်းတို့ဖြင့် ၁၃၇၄ ခု နှစ်သစ်ကို မင်္ဂလာရှိစွာကြိုဆိုခဲ့ကြပါသည်။၁၃၇၃ခုနှစ်တနှစ်တာကာလအတွင်း မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် အမျိုး ဘာသာ သာသနာ ကူညီစောင့်ရှောက်ရေး လုပ်ငန်းများတွင် အဖက်ဖက်မှ ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသော ကိုရီးယားနိုင်ငံရောက် ဆရာတော်သံဃာတော်များ စက်ရုံအသီးသီးရှိ ရွှေမြန်မာညီအကိုပေါင်းတို့အား လေးစားမြတ်နိုး တန်ဖိုးထားကာ ကျေးဇူးအထူးတင်ရှိပါကြောင်း ဂုဏ်ပြုမှတ်တမ်းတင်ပါသည်။
ထိုပြင် ယခုနှစ်သည် မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား) တည်ထောင်ခဲ့သည့် (၁၀)နှစ်ပြည့်နှစ်လည်းဖြစ်ပါသည်၊ကျောင်းတော်ကြီး စတင်တည်ထောင်သည့် အချိန်မှစ၍ (၁၀)နှစ်တာ ကာလအတွင်း အမျိုး ဘာသာ သာသနာတော်၏ အကျိုးကို အဖက်ဖက်မှ သယ်ပိုးဆောင်ရွက်တော်မူခဲ့ကြပါသော ဆရာတော်သံဃာတော်များ ၊ သီလရှင်များ ၊ ရွှေမြန်မာဒကာဒကာမများ ကိုရီးယားနိုင်ငံသူ နိုင်ငံသား ဘုန်းတော်ကြီးများ၊ ဘိက္ခူနီများ ဒကာဒကာမများအားလုံး၏ ဂုဏ်ကျေးဇူးကို အထူးလေးစား တန်ဖိုးထားကာ မှတ်တမ်းတင်အပ်ပါသည်။ ဆက်လက်၍လည်း အားပေးစောင့်ရှောက် ကူညီမှုပြုနိုင်ပါရန်လည်း မေတ္တာရှေ့ထား ပန်ကြားပါသည်။ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်ကြီးသည် ကိုရီးယားနိုင်ရှိ မြန်မာကျောင်းများ ဆရာတော် သံဃာတော်များ လူမှုရေးအသင်းအဖွဲ့များ ၊ ပြည်ထောင်စုဖွားရွှေမြန်မာများ အားလုံးတို့၏ အကျိုးကို မြတ်နိုးလေးစား တန်းဖိုးထားလျှက်ရှိပါသော ကျောင်းတော်ကြီးဖြစ်ပါသည်။သို့ဖြစ်ပါ၍ ယခုနှစ်သစ်တွင်လည်း အမျိုး ဘာသာ သာသနာတော်၏အကျိုးကို လက်တွဲညီညာ ဆက်လက်၍ သယ်ပိုးဆောင်ရွက်သွားမည်ဖြစ်ပါသည်။
သင်္ကြန်အာသီသ
သင်္ကြန်ဟူသည် သင်္ကန္တပါဠိပုဒ်မှ ဆင်းသက်လာပြီး ပြောင်းရွေ့ခြင်းအဓိပ္ပါယ်ရှိပါသည်။
သို့ဖြစ်ပါ၍ -အဆိုးမှ အကောင်း ၊အမှားမှ အမှန် ၊အကျိုးမဲ့မှ အကျိုးရှိ ၊ဗာလမှ ပဏ္ဍိတ ၊
တန်ဖိုးမဲ့မှ တန်ဖိုးရှိ ၊ အမှောင်မှ အလင်း ၊ အမည်းမှ အဖြူ ၊ဆုတ်ယုတ်ခြင်းမှ တိုးတက်ခြင်း ၊ရက်စက်ခြင်းမှ ကြင်နာခြင်း ၊မုန်းခြင်းမှ ချစ်ခြင်း ၊မဲ့ခြင်းမှ ပြုံးခြင်း ၊ကွဲပြားခြင်းမှ ညီညွတ်ခြင်းသို့ ဦးတည်ပြောင်းလဲကာ သမိုင်းသစ်ရေးထိုးနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။
Sunday, April 15, 2012
မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် နှစ်သစ်မင်္ဂလာ ဆုတောင်းလွှာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment