Tuesday, April 24, 2012

ကိုရီးယားပြည်သူအများ Pre-paid Phone စနစ်အကြောင်း ဂဃနဏ မသိကြသေး

အကြွေးစနစ် ကြိုက်တဲ့ ကိုရီးယားများ
OECD (2009) အစီရင်ခံစာအရ စီးပွါးရေးဖွံ့ဖြိုးပြီး နိုင်ငံများ OECD (Organization for Economic Co-operation and Development) မှာ တွင်တွင်ကျယ်ကျယ် သုံးနေပြီဖြစ်တဲ့ Pre-paid Phone စနစ်ကို ကိုရီးယားနိုင်ငံမှာတော့ ဖုန်းအသုံးပြုသူများရဲ့ ၂ ရာခိုင်နှုန်းလောက်သာ သုံးနေကြသေးကြောင်း သိရပါတယ် ။

ကိုရီးယား 78 ရာခိုင်နှုန်းကျော် Pre-paid Phone စနစ်အကြောင်းမသိသေး
ကိုရီးယားတွေ ဘာကြောင့် Pre-paid Phone စနစ်ကို မသုံးကြသလဲလို့ ကိုရီးယားအစိုးရကလည်း သိချင်ပုံရပါတယ် ။ ကိုရီးယားပြည်သူတွေ Pre-paid Phone မသုံးကြခြင်းနှင့် ပတ်သက်ပြီး ကိုရီးယားနိုင်ငံသုတေသနအဖွဲ့(Korea Research) က အစိုးရအစီအစဉ်နှင့် ၂၀၁၁ခုနှစ် မတ်လ ၂၃ ရက်နေ့မှ ၂၅ ရက်အတွင်း ၃ ရက်တာ သုတေသနပြုခဲ့ရာမှာ ရရှိတဲ့ အဖြေကတော့ -
- သေသေခြာခြာသိသူ 21.5 ရာခိုင်နှုန်း
- သေသေခြာခြာမသိသူ 78.2 ရာခိုင်နှုန်း
- မသိသူ (အဖြေမပေးနိုင်သူ) 0.3 ရာခိုင်နှုန်း
ကိုရီးယားပြည်သူ ထက်ဝက်နီးပါး Pre-paid Phone စနစ်ရှိတယ်ဆိုတာမသိသေး
အဲသည် သုတေသနပြုချက်မှာပဲ ၊ ဘာကြောင့် Pre-paid Phone စနစ်ကိုမသုံးရခြင်းဖြစ်ပါသလဲလို့ မေးမြန်းခဲ့ရာမှာ ၊ ရရှီတဲ့ အဖြေတွေကတော့ -
- Pre-paid Phone စနစ်ရှိတာကို မသိသူ 43.3
- ဖုန်းဖိုးထပ်ဖြည့်ရတာ အဆင်မပြေလို့ 22.0
- ဖုန်းပြောတာများလို့အဆင်မပြေဘူး 18.3
- အသုံးပြုနေတဲ့ နံပါတ်အတိုင်း ဆက်သုံးလို့မရလို့ 14.3
- စက်(Hand-set)ဖိုးအာမခံကြေး ပြန်မရလို့ 12.3
- အင်တာနက်အသုံးပြုမှုအကန့်အသတ်ရှိလို့ 12.2
- (လက်ရှိဖုန်း)စာချုပ်ကာလကျန်သေးလို့ 12.0
- အနည်းဆုံး ဖြည့်ရတာ ၁သောင်းဆိုတော့ ဈေးကြီးလို့ 5.7
- ငွေကြေးနာမည်ပျက်ရှိသူနှင့် နိုင်ငံခြားသားတွေသာသုံးတဲ့ဖုန်းဖြစ်လို့ 3.4
- လက်ကိုင်ဖုန်းသုံးဖို့အစီအစဉ်မရှိသေးသူ 1.6
- မသိပါဘူး(အဖြေမပေးနိုင်သူ) 4.8
ကိုရီးယား ရာနှုန်းပြည့်နီးပါး မသိကြသေးပါ
Pre-paid Phone စနစ်ရှိတာကို မသိဆိုသူများ ၊ လက်ကိုင်ဖုန်းသုံးဖို့အစီအစဉ်မရှိသေးသူများနှင့် ၊ Pre-paid Phone စနစ်အကြောင်း မသိပါ (အဖြေမပေးနိုင်သူ)ဟု အဖြေပေးခဲ့သူများ အဖို့ကတော့ ရှင်းပါတယ် ၊ Pre-paid Phone စနစ်ရဲ့ အားသာချက် အားနည်းချက်တွေကို သူတို့သိနိုင်ဦးမည်မဟုတ်ပါ ။ Pre-paid Phone စနစ်ဟာ ဖုန်းဖိုးထပ်ဖြည့်ရတာ အဆင်မပြေဘူး ၊ ဖုန်းပြောတာများလို့အဆင်မပြေဘူး ၊ အသုံးပြုနေတဲ့ နံပါတ်အတိုင်း ဆက်သုံးလို့မရဘူး ၊ စက် (Hand-set) အာမခံကြေး ပြန်မရဘူး ၊ အင်တာနက်အသုံးပြုမှုအကန့်အသတ်ရှိလို့၊ (လက်ရှိဖုန်း) စာချုပ်ကာလကျန်သေးလို့ Pre-paid Phone စနစ်ကို သုံးမရဘူး ၊ အနည်းဆုံး ဖြည့်ရတာ ၁သောင်းဆိုတော့ ဈေးကြီးလို့ ၊ ငွေကြေးနာမည်ပျက်ရှိသူနှင့် နိုင်ငံခြားသားတွေသာသုံးတဲ့ဖုန်းဖြစ်လို့ ဆိုတဲ့ အဖြေတွေကရော Pre-paid Phone ရဲ့ အားနည်းချက်ဆိုတာ မှန်ရဲ့လား ။ သူတို့ဖြေဆိုထားတာတွေဟာ တလွဲတွေပဲ ဖြစ်ကြောင်းနှင့် ၊ Pre-paid Phone စနစ်အတွင်း အပါအဝင်ဖြစ်သည့် Auto Rechargeable Phone စနစ်သည် Post-paid (အကြွေးဖုန်းပြော) စနစ်ထက် ဖုန်းပြောခ ထက်ဝက်သက်သာကြောင်း သူတို့ မသိကြသေးသည်မှာ သေခြာလှပါသည် ။

(ဆက်လက်တင်ပြပါမည် ။)

မှန်ကန်သော ဖုန်းဘီလ်ပေးဆောင်ခြင်း စနစ်ကို ရွေးချယ်အသုံးပြုနိုင်ကြပါစေ ။
မေတ္တာဖြင့်-

ကိုဝိုင်း(မိုးညှင်း)

No comments: