မေလ ၂၈ ရက် ၊ ဘူဖြောင်း
အင်ချောန်းမြို့တော် ၊ ဂန်ဟွာမြို့နယ် (강화군) ရှိ ဂျောန်ဒွန့်ဆာ ဘုန်းတော်ကြီးကျောင်း (전등사) မှ ကြီးမှူးပြီး ၇ ကြိမ်မြောက် ဧည့်နိုင်ငံသားများ ယဉ်ကျေးမှုပွဲတော် (제7회 이주민 문화축제) ကို အာရှမိတ်ဆွေ (아사아는 친구) ခေါင်းစဉ်ဖြင့် ၂၀၁၂ ခုနှစ် ဇွန်လ ၃ ရက် (တနင်္ဂနွေ) နေ့လည် ၁၀ နာရီ ၃၀ မိနစ်မှ ညနေ ၃ နာရီ ထိ ၊ ဂျောန်ဒွန့်ဆာ၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည် ။
ပွဲတော်သို့ မြန်မာညီအစ်ကိုများလည်း ခါတိုင်းနှစ်များကဲ့သို့ တစ်တပ်တစ်အား ပါဝင်ဆင်နွဲကြမည်ဖြစ်ကြောင်း ၊ ကြိုပို့ကား ဘူဖြောင်းဘူတာရှေ့ (ရဲစခန်းအနီး)မှ နံနက် ၉နာရီခွဲတွင် စတင် ထွက်ခွါရန် စီစဉ်ထားကြောင်း ၊ အစီအစဉ်အစ အဆုံး အခမဲ့ ဖြစ်ကြောင်း ၊ စိတ်ပါဝင်စားလိုက်ပါလိုသည့် မြန်မာ ညီအစ်ကို မောင်နှများ ဇွန်လ ၃ ရက် နံနက် ၉နာရီ ၂၅ မိနစ်ထက် နောက်မကျစေဘဲ ကားထွက်မည့်နေရာသို့ ကြွရောက်စေလိုစေလိုကြောင်း သက်ဆိုင်ရာက နှိုးဆော်ထားပါသည် ။
ပွဲတော်တွင် ၊ စက္ကူရုပ်များ ပြုလုပ်ခြင်း ၊ ကြယ်သီး ပြုလုပ်ခြင်း ၊ ဆီမီးခွက် ပြုလုပ်ခြင်း ၊ ကြာမီးအိမ်ပြုလုပ်ခြင်း ၊ နေ့လည်စာ ဘူဖေး သုံးဆောင်ခြင်း ၊ ကိုရီးယားရိုးရာ ဓလေ့နှင့် ယဉ်ကျေးမှုများ မိတ်ဆက် ၊ အခမဲ့ ဆေးကုသမှု အစီအစဉ်များ ၊ အမှတ်တရ လက်ဆောင် တူညီဝတ်စုံများဝေငှပေးခြင်း ၊ ဧည့်နိုင်ငံသားများက သက်ဆိုင်ရာ နိုင်ငံများအလိုက် ရိုးရာ ယဉ်ကျေးမှု ဖျော်ဖြေတင်ဆက်ခြင်း စသည်တို့ပါရှိမည်ဟု ဆိုသည် ။ အစီအစဉ်များတွင် ပါဝင်လိုသည့် မြန်မာ ဆို ကရေးတီး ဝါသနာရှင်များ ပညာရှင်များလည်း ဆက်သွယ်နိုင်ကြောင်း သိရသည် ။
ဂျောန်ဒွန့်ဆာသည် ကိုရီးယားရှေးဟောင်းယဉ်ကျေးမှုနယ်မြေအဖြစ် သတ်မှတ်ထားသည့် ဒေသဖြစ်ကြောင်း ၊ ကုလသမဂ္ဂ၏ မှတ်တမ်းဝင် သမိုင်း အမွေအနှစ် တစ်ခုဖြစ်ပြီး ၊ နိုင်ငံခြားသားများ သွားရောက် လေ့လာ သင့်သည့် မြန်မာနိုင်ငံ ပုဂံဒေသကဲ့သို့သော စိတ်ဝင်စားဖွယ် နေရာတစ်ခုဖြစ်ကြောင်း သိရသည် ။
Sunday, June 3, 2012
၇ ကြိမ်မြောက် အာရှမိတ်ဆွေပွဲတော် ကျင်းပမည်
Labels:
ကိုရီးယားယဉ်ကျေးမှု,
ဘာသာရေး,
ယဉ်ကျေးမှု,
ဖျော်ဖြေရေး,
မောင်းသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment