အလွမ်းလွယ်လို. မျက်ရည်ကျခဲ့လေသလား
ကိုယ်က အလွမ်းလွယ်သူ
ချစ်သူက မျက်ရည်လွယ်သူ
မှတ်မိတာပေါ့ကွယ် ချစ်သူရယ်
ကိုယ့်ရဲ့ချစ်သော လက်တွေနဲ့<
ချစ်သူဆံစလေးကို ထိုးဖွခဲ့တာလေးတွေ..
ဆေးလိပ်တွေ တအားမသောက်နဲ.မောင်
ခပ်ရှရှအသံလေး လွမ်းမိနေတုန်းပဲ
မြို.ပတ်ရထားပေါ် ဘိုကြားသေနတ်ဆွဲလို့
ရှုံးသူက ဆံပင်ဖြူနုတ်တမ်းလည်း ကစားခဲ့ကြတယ်
အဒီနေ.က မိုးမရွာခဲ့ဘူးနော်.
ထီးတော့ အတူတူဆောင်းခဲ့ကြတာပေါ့
ခုထိမှတ်မိနေတုန်းပဲ
ကန်ဘောက်းအင်းလျားမှာ ချစ်သူ.မျက်နှာငေးရင်း
ကံအကောင်းဆုံးက မောင်ပဲထင်တယ်ဆိုတော့
တော်တော်စကားတတ်တဲ့ မောင်တဲ့
နွေးထွေးလိုက်တာကွယ်
ကိုယ့်အိမ်ကို အလှည်ပြန်တဲ့အခါ
မောင် မြန်မြန်ပြန်လာ
ဒီကလွမ်းနေမှာနော်တဲ့
ပြောတတ်လိုက်တဲ့ ချစ်သူ
လေဆိပ်မှာ ကိုယ်ထွက်ခွာဖို.နီးတော့
မောင် ...အားတင်းထား
လွမ်းနေမှာနော် လို.
ချစ်သူစီကစကား ကြားချင်ခဲ့မိတာ
မိုးတွေရွာလို. ထင်ပါရဲ့
ချစ်တဲ့သူ ပေါ်မလာခဲ့ဘူး
တဆင့်စကား သူငယ်ချင်းစီက ကြားခဲ့တယ်
လက်ထပ်သွားပြီတဲ့
ခုတော့.......
ကိုယ်က မျက်ရည်လွယ်သူဖြစ်ခဲ့ပါပြီကွယ်..
မောင်မောင်( အိမ်လွမ်းသူ )
ကိုရီးယား
၁-၆-၂၀၁၂
Friday, June 1, 2012
အလွမ်းလွယ်လို. မျက်ရည်ကျခဲ့လေသလား
Subscribe to:
Post Comments (Atom)
1 comment:
it is a good poem of missing.after reading i laughed a little.appreciate you.
Post a Comment