Tuesday, June 26, 2012

ကိုရီးယား-မြန်မာ တိုက်ရိုက် လေယာဉ်များ ပြေးဆွဲတော့မည်


ရေးသားသူ — ကိုလူချစ်(ကိုရီးယား)




ကိုရီးယားနိုင်ငံ အင်ချွှန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့အား တိုက်ရိုက် လေယာဉ်များ ပြေးဆွဲတော့မည် ဖြစ်ကြောင်း သိရှိရသည်။ ကိုရီးယား လေကြောင်းလိုင်း(KAL)မှ လာမည့် စက်တင်ဘာလ (၁၃)ရက်နေ့မှ စတင်၍ အင်ချွှန်း-ရန်ကုန် အသွားအပြန် လေယာဉ်များကို တပတ်လျှင် (၄)ကြိမ် ပြေးဆွဲမည်ဟု ယနေ့ ထုတ်ဖော်ပြောကြားသည်။ ပြေးဆွဲမည့် လေယာဉ် အမျိုးအစားမှာ ခရီးသည် (၁၃၈)ဦး စီးနင်းနိုင်သည့် B737-800 ဖြစ်ပြီး အပတ်စဉ် အင်္ဂါ၊ ကြာသပတေး၊ စနေ၊ တနင်္ဂနွေ နေ့များတွင် ပြေးဆွဲမည်ဖြစ်သည်။ အင်ချွှန်းလေဆိပ်မှ ထွက်ခွာမည့် လေယာဉ်မှာ ညနေ (၆)နာရီ (၅)မိနစ်တွင် ထွက်ခွာပြီး ရန်ကုန်လေဆိပ်သို့ ည (၉)နာရီ (၄၀)မိနစ်(မြန်မာစံတော်ချိန်)တွင် ဆိုက်ရောက်မည်ဖြစ်သည်။ ရန်ကုန်လေဆိပ်မှ ထွက်ခွာမည့် လေယာဉ်မှာ ည(၁၁)နာရီ (၂၀)မိနစ်တွင် ထွက်ခွာပြီး နောက်တရက် မနက် (၇)နာရီ (၄၀)မိနစ် (ကိုရီးယားစံတော်ချိန်)တွင် ဆိုက်ရောက်မည် ဖြစ်သည်။

2 comments:

dlord69 said...

12 hr ကနေ 6 hr ခေါက်ချိုးလောက် ဖြစ်သွားတယ် :D

kothein said...

လေယဉ်ချိန်ကဘာလို့ ညပိုင်းဆွဲရတာလဲ?မနက်ပိုင်းဆိုပိုအဆင်ပြေမယ်နော်..