ရန်ကုန် ၊ မေ ၂၉
မြန်မာနိုင်ငံတွင် လွန်ခဲ့သော ၂ဝ၁ဝ ပြည့်နှစ်မေလအတွင်းက ရာနှုန်းပြည့် စတင်ခဲ့သည်လုပ်ငန်း ဆိုက်ရောက်ဗီဇာ၊ ပြည်ဝင်ဆိုက်ရောက်ဗီဇာ၊ ဖြတ်သန်းခွင့် ဆိုက်ရောက်ဗီဇာစနစ်ဗီဇာသုံးမျိုးကို ဇွန် လ ၁ ရက်နေ့မှစတင်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လူတစ်ဦးလျှင် အချိန်တစ်မိနစ်အတွင်း ထုတ်ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက မေလ ၂၈ ရက်နေ့တွင်ပြောကြားသည်။
''လေဆိပ်မှာ ကောင်တာငါးခုနဲ့ ဆောင်ရွက်ပေးမယ်၊ လ.ဝ.က နဲ့ပတ်သက်တဲ့ ဒီဆိုက်ရောက်ဗီဇာတွေကို အရင်ဆုံး၂၇ နိုင်ငံကလူတွေအတွက် သတ်မှတ်ထားတဲ့အချက်အလက်ပြည့်စုံရင် လူတစ်ဦးကိုတစ်မိနစ်အတွင်း ဆောင်ရွက်ပေးနိုင်မှာပါ''ဟု ၄င်းကဆိုသည်။
အာဆီယံကိုးနိုင်ငံ အိန္ဒိယ၊ ထိုင်ဝမ်၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ သြစတြေးလျ၊ ဗြိတိန်၊အမေရိကန်ပြည်ထောင်စုတို့အပါအဝင် ဥရောပနိုင်ငံများဖြစ်သည့် ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယူးဇီလန်၊နော်ဝေး၊ စပိန်၊ ဆွီဒင် စုစုပေါင်းနိုင်ငံ ၂၇ နိုင်ငံကို ယင်းဆိုက်ရောက်ဗီဇာထုတ်ပေးမည်ဖြစ်ကြောင်း စီးပွားရေးဗီဇာအတွက်ရက်ပေါင်း ၇ဝ ၊ ပြည်ဝင်ဗီဇာအတွက် ၂၈ ရက်ဖြတ်သန်းဗီဇာအတွက် ၂၄ နာရီ အသီးသီးရရှိမည်ဖြစ်ကြောင်း အဆိုပါဌာနဝက်ဘ်ဆိုက်ဖြစ်သော www.mip.gov.mm တွင်ဖော်ပြထားသည်။
''အစိုးရသစ်လက်ထက်မှာ အခြေအနေတွေက ပြောင်းလာတာနဲ့အညီနိုင်ငံတကာက စီးပွားရေးလုပ်ငန်းရှင်တွေ၊ လူမှုရေးအဖွဲ့အစည်းတွေ NGO တွေအနေနဲ့ အရင်လိုကြိုတင်ဆိုက်ရောက်ဗီဇာတွေလုပ်စရာမလိုဘဲ ဆိုက်ရောက်ဗီဇာပေးလိုက်တဲ့အတွက် အခွင့်အလမ်းကောင်းတွေဖြစ်လာဖို့ရှိတယ်'' ဟု ခရီးသွားလုပ်ငန်းကုမ္ပဏီ အကြီးအကဲတစ်ဦးက ဆိုက်ရောက်ဗီဇာထပ်မံခွင့်ပြုပေးလိုက်ခြင်းနှင့် ပတ်သက်၍ သုံးသပ်ပြောကြားသည်။
ယင်းဆိုက်ရောက်ဗီဇာအတွက် အဆိုပါ ၂၇ နိုင်ငံမှ မြန်မာနိုင်ငံသို့လာရောက်သူများသည် ဆိုက်ရောက်ဗီဇာလျှောက်လွှာပုံစံကိုလေကြောင်းလိုင်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင်ထုတ်ယူပြီး ပြည်ဝင်ခွင့်ပြုနိုင်ရေးနှင့် ပတ်သက်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လူဝင်မှုကြီးကြပ်ရေးဌာနစိတ်တွင် တင်ပြလျှောက်ထားနိုင်ကြောင်း လူမှုဝင်ကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်း ကရှင်းပြသည်။
Ref:
- The Voice Weekly (8/24)
Saturday, June 2, 2012
ဗီဇာ ၃ မျိုး ရန်ကုန်လေဆိပ်တွင် ဆိုက်ရောက်ဗီဇာပေးမည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment