မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်၌
ဝါဆို ဝါကပ်တော်မူမည့် ဆရာတော်များနှင့် ကိုရီးယားနိုင်ငံ ရှိ ထေရဝါဒသာသနာ
ပြုတော်မူကြကုန်သော သံဃာတော်အရှင်မြတ်တို့အား စုပေါင်း ဝါဆို သင်္ကန်း
ဆက်ကပ်လှူဒါန်းပွဲကို လာမည့်မြန်မာသက္က၇ာဇ် ၁၃၇၄ခု ဒုတိယ ဝါဆိုလဆန်း ၄ - ရက် (၂၂ .
၇. ၂၀၁၂) တနင်္ဂနွေနေ့တွင် မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်၌ ကျင်းပမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ကိုရီးယားရောက် ရွှေမြန်မာများအနေဖြင့် ဘုရားအမှူးရှိသော
သံဃာတော်အရှင်သူမြတ်တို့အား အာရုဏ်ဆွမ်း - နေ့ဆွမ်း ဝါဆိုသင်္ကန်းများ စုပေါင်း
ဆက်ကပ်နိုင်ရန် အောက်ပါအစီအစဉ်အတိုင်း ကြွရောက် ပေးပါရန် နိဗ္ဗာန်အ ကျိုးမျှော်၍
နှိုးဆော်ဖိတ်ကြားအပ်ပါသည်။
ပရိက္ခရာရှစ်ပါး အစုံ (ဝမ် - ၅၀၀၀၀)
တိစီဝရိတ်သင်္ကန်း (ဝမ် - ဝမ် ၃၀၀၀၀)
သင်္ကန်းဒွိစုံ (ဝမ် - ၂၀၀၀၀ )
ထီး ဖိနပ် ယပ် (ဝမ် ၅၀၀၀ စီ )
အစီအစဉ်
နေ့ ရက် - ( ၂၂. ၀၇.၂၀၁၂ ) တနင်္ဂနွေနေ့ 
နံနက် - အာရုဏ်ဆွမ်း-ကြာဇံကြော်
နေ့ဆွမ်း - အုန်းထမင်းနှင့်-ကြက်သားဟင်း
ဝါဆိုသင်္ကန်းဆက်ကပ်ချိန် - နေ့ လယ် (၁)နာရီခွဲ
နေရာ - မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်(ဘူဖျောင်း)
အုန်းထမင်းနှင့် ကြက်သားဟင်းလျာ များဖြင့် ကြွရောက်လာသည် ဧည့်ပရိသတ် အပေါင်းအား တည်ခင်းကျွေးမွေးပါမည်။
No comments:
Post a Comment