ရေးသားသူ — ရွှေအလင်းတန်း
ဖူဆန်မြို့ 시전 မြို့တော်ခန်းမ အနီး ရှိတဲ့ 노동부 ရုံးချုပ်အရှေ့မှာ နိုင်ငံခြးသားကူညီစောင့်ရှောက်ရေး အဖွဲ့ မှ တာဝန်ရှိ ဝန်ထမ်းများရဲ့ အကူအညီ ရယူပြီး မြန်မာ ဗီယက်နာမ် အင်ဒိုနီးရှား တရုတ် နီပေါ စတဲ့ နိုင်ငံခြားသားအလုပ်သမားများ အဖွဲ့ မှ ဗုဒ္ဓဟူးနေ့  နံနက် ၁၀း၀၀ နာရီ မှာ စတင်ပြီး ၂၀၁၂ -၈ -၁ ရက်နေ့  ထုတ်ပြန်တဲ့ အလုပ်သမားတွေအပေါ် ဖိနှိမ်ထားပြီး ကန့် သတ်ချက်တွေ တင်းကြပ်တဲ့ အလုပ်ရုံပြောင်းရွေ့ ခွင့် ဥပဒေသစ်ကို ဆန့် ကျင်တဲ့ ဆန္ဒဖေါ်ထုတ်ပွဲ ပြုလုပ်ခဲ့ပါတယ်။
အလုပ်သမား တဦးချင်းစီရဲ့ ကြုံတွေရတဲ့ အခက်အခဲတွေ တင်ပြရင်း ဒီမိုကရေစီ ကျင့်သုံးနေတဲ့ တောင်ကိုရီးယားနိုင်ငံမှာ မိမိ နိုင်ငံကို များစွာအကျိုးပြုနေတဲ့ နိုင်ငံခြားသား အလုပ်သမားတွေအပေါ် လူသားချင်းစာနာပြီး ကိုယ်ချင်းစာတဲ့ ဥပဒေ မျိုးသာ ရှိသင့်ကြောင်း တင်ပြတောင်းဆိုခဲ့ပါတယ်။
노동부 ရုံးက တာဝန်ရှိ လူကြီး (၃) ဦး က လက်ခံတွေ့ ဆုံဆွေးနွေးတင်ပြခွင့်ပေးပါတယ်။ စက်ရုံပိုင်ရှင်-노동부 ရုံးနဲ့  ဘာသာစကားမကျွမ်းကျင်တဲ့ အလုပ်သမားတွေကြားမှာ ဘာသာစကားကျွမ်းကျင်သူ ကူညီစောင့်ရှောက်ရေးအဖွဲ့ က စေတနာ့ ဝန်ထမ်းတွေ မဖြစ်မနေ အတူတူ ပူးပေါင်းပါဝင် ဖြေရှင်းပြခွင့် ရသင့်တာကိုလည်း တင်ပြရာ တာဝန်ရှိသူတွေက စာနာနားလည်ပြီး အထက်အဆင့်ဆင့် တင်ပြပေးမယ်လို့  ပြောဆိုသွားပါတယ်။
Thursday, August 2, 2012
ဖိနှိပ်ဥပဒေ ကန့်ကွက်ဆန္ဒပြ
Subscribe to:
Post Comments (Atom)
2 comments:
ကျေးဇူးအထူးတင်လျှက်....
ကျေးဇူးအထူးတင်လျှက်....
Post a Comment