Thursday, August 9, 2012

စိတ္တသုခကျောင်း စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ဖိတ်ကြားခြင်း


နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဒယ်ဂူးမြို့၊ စိတ္တသုခ မြန်မာ ဘုန်းတော်ကြီးကျောင်း၏ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယခုနှစ်တွင်လည်း အစဉ်အလာမပြတ် ဆက်လက်ကျင်းပမည် ဖြစ်ပါသဖြင့် ရပ်နီးရပ်ဝေးရှိ ရွှေမြန်မာအပေါင်းတို့အား အတူတကွ ကုသိုလ်ယူနိုင်ကြစေရန် အောက်ပါအစီအစဉ်အတိုင်း ကြွရောက်ကြပါရန် ကျောင်းအကျိုးဆောင်များနှင့် အလှူရှင် ဒါဆန်းရွှေညီအစ်ကို အပေါင်းတို့မှ လေးစားစွာ ဖိတ်ကြားအပ်ပါသည်။



နေ့ရက် = ၁၃၇၄ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် (၁၀)ရက်၊ ၁၂- ၈- ၂၀၁၂၊ တနင်္ဂနွေနေ့ 
ဧည့်ခံချိန် = နံနက် (၉ )နာရီမှ နေ့လည် (၂)နာရီအထိ 
တရားနာချိန် = နေ့လည် (၁)နာရီ 
နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း၊ ဒယ်ဂူးမြို့၊ တောင်ကိုရီးယားနိုင်ငံ
အလှူရှင် = ဒါဆန်းရွှေညီအစ်ကိုများ 

မှတ်ချက်။ ကြွရောက်လာသော ဧည့်ပရိတ်သတ် အပေါင်းတို့အား အထူးစပါယ်ရှယ် ဒံပေါက်ထမင်း၊ အအေး၊ သစ်သီးများဖြင့် ကျွေးမွေးလှူဒါန်း ဧည့်ခံမည် ဖြစ်ပါသည်။ 

No comments: