Wednesday, September 26, 2012
ဥုးသုမင်္ဂလ (ဒယ်အိုးဆရာတော်)ဘုရားကြီး ၏ ကိုရီးယားနိုင်ငံသို့ သာသနာပြု ဓမ္မခရီးစဉ် ၊ဓမ္မပူဇနိယ တရားပွဲအစီစဉ်များ(Schedule)
ရေးသားသူ — ရန်နိုင်ထွန်း(ပြန်ကြားရေး)
ရန်ကုန်တိုင်း မှော်ဘီမြို့ နယ် မင်္ဂလာတိုက် မိုးကုတ် ၀ိပဿနာ မင်္ဂလာရိပ်သာ ဗုဒ္ဓ သာသနာ့ အကျိုးတော်ဆောင်လုပ်ငန်း သုမင်္ဂလ ဖောင်ဒေးရှင်း၏ ဦးစီးပဓာန နာယက ဆရာတော် ဖြစ်တော်မူသော ဥုးသုမင်္ဂလ (ဒယ်အိုးဆရာတော်)ဘုရားကြီး ၏ ကိုရီးယားနိုင်ငံသို့ သာသနာပြု ဓမ္မခရီးစဉ် အဖြစ် ကြွရောက်တော်မှု မည့် အချိန် ကာလအတွင်း ဗုဒ္ဓ သာသနာပြု ခရီးစဉ်များနှင့် ဓမ္မပူဇနိယ တရားပွဲအစီစဉ်များမှာ အောက်ဖော်ပြပါ အတိုင်းဖြစ်ပါသည်။
၁။ ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၉ ရက် စနေနေ့ ညနေ ၅ နာရီ ၅၀ မိနစ် အချိန်တွင်
  အမေရိကန်နိုင်ငံ(Los Angeles) မှ   ကိုရီးယားနိုင်ငံ အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိတော် မှုမည်ဖြစ်ပြီး
၂။ စက်တင်ဘာ ၃၀ ရက် တနင်္ဂနွေနေ့ တွင်
    ( က) နံနက် ၇ နာရီ အချိန်တွင် ဦးဇေမင်းအောင် မိသားစုနှင့် အဖွဲ့ု၏ အာရုဏ်ဆွမ်းကို ဘုန်းပေးတော်မှုကာ
    ( ခ ) နံနက် ၈ နာရီ ၃၀ မိနစ် အချိန်တွင်  ကိုရီးယားတောင်-မြောက်နယ်နိမိတ်သို့ ခရီးသွားခြင်းနှင့်ဆိုလ်းမြို့
တော် အတွင်းသို့လှည့်လည်ခြင်း။
၃။၂၀၁၂ခုနှစ်၊ အောက်တိုဘာလ ၁ ရက် တနလာင်္နေ့တွင်
(က)နံနက်(၁၀)နာရီ တိတိ အချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုရီးယားဌာနခွဲ၏ နေ့ ဆွမ်း ဆက်ကပ်
ခြင်းအလှူကို လက်ခံ ဘုန်းပေးတော်မှုပြီးနောက်
(ခ)ကိုရီးယားနိုင်ငံသာသနာပြုဓမ္မခရီးစဉ်အတွင်း“လူမှူအဖွဲ့ အစည်း စုံညီစွာဖြင့် ဓမ္မပူဇနိယ အထူးတရား
ပွဲသဘင်” ကို မြန်မာအသင်း(ကိုရီးယား)၏ စီစဉ်ဆောင်ရွက်မှုဖြင့် တိလောကမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး
ကိန်းဝပ် စံပါယ်တော်မှုသည့် (ဆော့ဂွမ်ဆာဗုဒ္ဓဘုရားကျောင်း) ဖူချွန်းမြို့ တွင် မွန်းတည့်(၁၁း၃၀)နာရီအချိန်တွင် ဟောကြားတော်မှုမည်ဖြစ်ပါသည်။
၎။၂၀၁၂ခုနှစ်၊ အောက်တိုဘာလ ၂ ရက် အင်္ဂါနေ့တွင် ကိုရီးယားနိုင်ငံရောက် ရခိုင်လူငယ်များအသင်း၏ အာရုဏ်ဆွမ်း(ရခိုင်မုန့် တီနှင့်အချိုပွဲများ) ၊ နေ့ ဆွမ်း (ရခိုင်းရိုးရာထမင်းဟင်းလျှာ)များကိုဘုန်းပေးတော်မူပြီး
ဓမ္မပူဇနိယ တရားပွဲကို မြန်မာ ဗုဒ္ဓ သာသနာပြု ကျောင်းတော်-ကိုရီးယား တွင်၊နေ့လည်(၁နာရီ ၃၀မိနစ်) အချိန်တွင်လည်းကောင်း
၅။၂၀၁၂ခုနှစ်၊ အောက်တိုဘာလ(၃)ရက် ဗုဒ္ဓဟူးနေ့ တွင်
ကိုရီးယားနိုင်ငံ ဗုဒ္ဓ သာသနာပြု ဓမ္မခရီးစဉ်ဖြစ်မြောက်ရေး ဦးဆောင်ကော်မတီ၏ တရားပွဲကို
(မြန်မာ ဗုဒ္ဓ သာသနာပြုကျောင်းတော်-ကိုရီးယား)တွင် နေ့လည် ၁ နာရီ ၃၀မိနစ်တွင် လည်းကောင်း
၆။၂၀၁၂ခုနှစ်၊ အောက်တိုဘာလ (၇) ရက် တနင်္ဂနွေနေ့ တွင်  ကိုရီးယားနိုင်ငံ၏ ဒုတိယမြို့ တော်တရားပွဲကို
(ဖူဆန်မြို့ တော်) ပြည်တော်ဦး ဘုန်းတော်ကြီးကျောင်းအမှတ်(၂)တွင် နေ့ လည် (၁) နာရီအချိန်တွင် လည်းကောင်း
၇။၂၀၁၂ခုနှစ်၊အောက်တိုဘာလ (၁၄) ရက် တနင်္ဂနွေနေ့ နေ့လည် ၁ နာရီ ၃၀မိနစ် အချိန်တွင်
   ကိုရီးယားနိုင်ငံ သာသနာပြု ဓမ္မခရီးစဉ်၏ နှုတ်ဆက်တရားပွဲအဖြစ်(မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်)တွင်
   လည်းကောင်း အစရှိသဖြင့် စီစဉ်ထားပါကြောင်း အသိပေးကြေငြာအပ်ပါသည်။
           ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့ ခင်ဗျား၊ ကိုရီးယားနိုင်ငံ သာသနာပြု ဓမ္မခရီးစဥ်ဖြစ်မြောက်ရေး ဦးဆောင်ကော်မတီ (DPTOC) နှင့် တရားပွဲကျင်းပရေးကော်မတီ( DPTPCC ) ကော်မတီနှစ်ရပ်စလုံးမှ ဥက္ကဋ္ဌ ၊ အတွင်းရေးမှူး နှင့်တွဲဘက်အတွင်းရေးမှူး ၊ ကျင်းပရေးအဖွဲ့ တာဝန်ခံများ၊ပြန်ကြားရေး၊ဘဏ္ဏာရေးနှင့်ရေးရာ ဌာနများ အလိုက်တာဝန်ခံများ၊ အကျိုးတော်ဆောင်အဖွဲ့ ဝင်များအစရှိသည့် ကူညီဆောင်ရွက်ပေးနေသူများ
အားလုံးသည်  ကိုရီးယားနိုင်ငံအတွင်းရှိ မြန်မာ အဖွဲ့အစည်းအသီသီးမှ အမျိုးဘာသာသာသနာအရေးအတွက် တူညီသောဆန္ဒဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်ကြမည့် အဖွဲ့တစ်ဖွဲ့ တည်းသာဖြစ်ပြီး ဆရာတော်
ဥုးသုမင်္ဂလ (ဒယ်အိုးဆရာတော်) ၏ ကိုရီးယားနိုင်ငံသာသနာပြု ဓမ္မခရီးစဉ်၏ အကျိုးတော်ဆောင်များသာ
ဖြစ်ကြပါသည်။အားလုံးတူညီသောစိတ်၊ ခိုင်မာသောယုံကြည်ချက်များဖြင့်၊ ကုသိုလ်အရေးကိုပါဝင်ဆောင်ရွက်
ကြခြင်းဖြစ်ပါသည်။
                    ထို့အပြင် မြင်အပ် မမြင်အပ်သော အဘက်ဘက်မှ ၀ိုင်းဝန်းကူညီဆောင်ရွက် ကုသိုလ်ယူ
ကြသူအားလုံးအား ကော်မတီနှင့် ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့ မှ ကိုရီးယားနိုင်ငံ ဗုဒ္ဓသာသနာပြု
သမိုင်းတွင် ကျေးဇူးမော်ကွန်းတင် ကဗ္ဗည်းရေးထိုး မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
(မှတ်ချက်။   ။ဆရာတော်၏ ကိုရီးယားနိုင်ငံအနှံ့ တရားပွဲအစီစဉ်များနှင့် ခရီးစဉ်များမှာ ရက်များ အပြည့်ဖြစ်နေပါသဖြင့်၊ ဆရာတော်အား အာရုဏ်ဆွမ်း/နေ့ ဆွမ်း လှူဒါန်းလိုသူများ၊တရားပွဲကျင်းပသည့် အလှူရှင်များသည် ကော်မတီသို့  တိုက်ရိုက်ဆက်သွယ်၍ အချိန်ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် ကုသိုလ်ပါဝင်ယူကြပါရန် နိဗ္ဗာန်အကျိုးမျှော်ပြီး၊နှိုးဆော်တိုက်တွန်းအပ်ပါသည်။) 
(၁)  ကိုဆန်းထွန်း (ဥက္ကဋ္ဌ) ….. 010-8477-7397
(၂)  ကိုစောလှိုင်မျိုးသိန်း (အတွင်းရေးမှူး)…….010-4997-4771
(၃)  ကိုခင်မောင်ရင် (တာဝန်ခံ) …………010-2788-7153
(၄)  ကိုစောကျော်သက်ထွန်း (တွဲဘက်အတွင်းရေးမှူး) ………010-6492-9733
(၅)  ကိုရန်နိုင်ထွန်း (ပြန်ကြားရေး)……..010-8723-4773
သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ
ခပ်သိမ်းသော အလှူတို့တွင် ဓမ္မအလှူသည် အမြတ်ဆုံးဖြစ်သည်၊၊
No comments: